P 10

247 39 13
                                    

"စာတွေရပြီလား"

"အွန်း ရပြီဟျောင်း
စာမေးပွဲဖြေခါနီးမှ အသဲအသန်
ကုံးကျက်လိုက်ရတာ လိပ်ခေါင်း
ထွက်မတက်ပဲ"

"ဟဟား ဂျောင်ကု မင်းကတော့လေ
တော်တော် ဟာသပြောတတ်သားပဲ"

"ကျန်တာရပေမဲ့ သင်္ချာဖြေမဲ့
နေ့ဆို ဘယ်လိုလာမလဲမသိဘူး
သင်္ချာကခက်တယ်"

"ဟုတ်လား
အဆင်ပြေသွားမှာဂျီမင်ရယ်
မစိုးရိမ်နဲ့။ ဟျောင်းတို့လည်း
ကြောက်တဲ့ဘာသာရှိပေမဲ့
နောက်ဆုံးနှစ်ထိရောက်လာတာပါပဲ"

"ထယ်ယောင်း ငြိမ်နေတယ်နော်
စာတွေရနေပြီဟုတ်"

မျက်နှာချိုသွေးပြီး မေးလိုက်ပေးမဲ့
လူကိုမျက်စောင်းထိုးသွားတဲ့သူက
စကားများလိုက်တာဆိုတဲ့အကြည့်နဲ့
ကြည့်ခံလိုက်ရတော့ ပြုံးနေတာတောင်
ချက်ချင်းရပ်တန့်သွားတယ်

"ထယ်ယောင်းက ဉာဏ်ကောင်းတယ်
ဟျောင်းရဲ့.....စာလုပ်ရင်လဲ ခနပဲ။
သင်္ချာဆိုသူကအေးဆေး"

"ကဲပါ......အချိန်လဲမစောတော့ဘူး
အားလုံးဂရုစိုက်ဖြေခဲ့နော်
ဖိုက်တင်း✊"

"ဟုတ်
ဟျောင်းလဲသေချာဖြေခဲ့နော်"

"ဟျောင်းက စာမေးပွဲအထာ သိနေပါပြီ
One subject one nightပဲ။ မနက်ဖြန်
ထပ်တွေ့ကြမယ်"

ပထမရက်.........📝
ဒုတိယရက်..........📝
တတိယရက်.........📝

ကျောင်းပိတ်တဲ့ဒီနှစ်ရက်ကို
ကျော်လို့ရရင် ကျော်ပြစ်လိုက်ချင်သည်။ စာလုပ်လိုက် ခြံထဲဆင်းလိုက်
ဂျီမင်စီဖုန်းဆက်ပြီးထယ်ယောင်းအ
ကြောင်းမေးလိုက် ဂျောင်ကုကို ဖုန်း
ဆက်ပြီး ရယ်စရာတွေပြောလိုက်နဲ့
တစ်နေ့တာကို ကုန်စေခဲ့သည်။

ဒီနေ့တော့ ဂျင်ဟျောင်းစီသွားရမယ်။
မသွားတာကြာနေပြီမလား................
သူကြိုက်တဲ့အစားအစာလေးတွေ
၀ယ်ပြီးဖားထားမှ သူ့ဆိုင်ကို အခက်ခဲ
မရှိ၀င်ထွက်သွားလာလို့ရမှာမလား.....

"သား ဘယ်သွားမလို့လဲ
မနက်စာ စားသွားအုံးလေ"

"သား သူငယ်ချင်းစီမှာပဲ
စားလိုက်တော့မယ်လေးလေးဟူ"

မျက်ရည်ခြွေသူ🥀Where stories live. Discover now