ကနဉီး ကာလများ
စိုထိုင်းထိုင်းမိုးဉီးရာသီ၏ နေ့စွဲတစ်ခုတွင် ပါးဖောင်းဖောင်းနှင့် ဖြူဖြူဖွေးဖွေးကောင်လေးတစ်ယောက်ဟာ စားပွဲခုံရှေ့ထိုင်လျက် မနက်စာကို ပလုတ်ပလောင်း စားသောက်နေပါ၏။
ထိုကောင်လေးမှာ ကျောင်းဝတ်စုံကလေးဝတ်ဆင်ကာ အုန်းမှုတ်ခွက်ကေဆံပင်ပုံစံဖြင့် လုံးတုံးတုံးလေးပင် ထိုင်နေလျက်။"ညောင်ညောင် မပြီးသေးဘူးလား။ ဒီနေ့လည်း ကျောင်းနောက်ကျဉီးမယ်"
"ပြီးပြီ ပြီးပြီ"
ပါးစပ်ထဲ မုန့်အပြည့်နှင့် ပြန်ဖြေလျက် ကမန်းကတန်းထကာ ခုံစွန်းတွင်ချိတ်ထားသည့် လွယ်အိတ်ကိုယူလွယ်လိုက်သည်။
ထွက်ခွာဖို့ ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးသည်နှင့် သံယောဇဉ်မပြတ်သေးသည့် ခုံပေါ်မှပေါက်စီများအား ပြန့်လှည့်ကြည့်ကာ အလျင်အမြန်ပင် ပေါက်စီတစ်လုံးကိုယူပြီး ပါးစပ်ထဲသွပ်လိုက်သေး၏။"သြော် ဒီကလေးကတော့...လာပါ မြန်မြန်"
အစိမ်းရောင်ဘောင်းဘီတိုကလေးဖြင့် ပုတုတုလေး ပြေးလာသည့် ရှစ်နှစ်သားလေး သူ့ညီလက်ကိုဆွဲကာ ခွန်းသုတစ်ယောက် စက်ဘီးပေါ်တင်ပေးရသည်။
"သေချာကိုင်ထားနော်"
"ဟုတ် ကိုကြီး"
ခွန်းသု စက်ဘီးပေါ်ခွလျက် နင်းဖို့အရှိန်ယူကာမှ နောက်ကလက်သေးသေးလေးက သူ့ကျောကို ဖွဖွပုတ်လာသည်။
"ကိုကြီး ညောင်ညောင် မေမေ ဖေဖေနဲ့ ကိုကို့ကို အာဘွားပေးဖို့ မေ့သွားတယ်"
အိပ်ရာထနောက်ကျ၍ ကျောင်းသွားဖို့အလောတကြီးပြင်ဆင်ရသည့်အတွက် မနက်တိုင်းလုပ်နေကျအရာကိုပင် မေ့သွားသည့်အိပ်ပုပ်လေးကို ခွန်းသုချစ်စနိုးဖြင့် လှည့်ကြည့်လိုက်သည်။
မျက်တောင်ရှည်များခြံရံထားသည့် မျက်ဝန်းထဲတွင် စိတ်မကောင်းမှုအရိပ်ဟောင်များပြည့်လို့။ ခွန်းသု အသဲယားကာ ညီဖြစ်သူ၏ ဆံပင်အိအိလေးတွေကို လက်ဖြင့်ဖွပစ်လိုက်သည်။"အချိန်မရှိတော့ဘူး။ ကျောင်းက ပြန်ရောက်မှ အတိုးချပြီး နှစ်ခါပေးလိုက် ... ကဲ နင်းပြီနော် ကိုကြီးကိုဖက်ထား"
YOU ARE READING
- A Cat In My Life -