'ဝှီးးးးး'
လေပြင်းများနှင့်အတူ ကျောင်းသရက်ပင်ပေါ်မှခုန်ဆင်းလာသည့် သင်းသင်း၏စကပ်သည် လွန်းသုခေါင်းကို မအုပ်မိရုံတမယ်။
ပိုပြီးစေ့စေ့စပ်စပ်ပြောရပါလျင် သူမဝတ်ထားသည့် အတွင်းခံဘောင်းဘီအနီရောင်ကိုပင် ရှင်းရှင်းလင်းလင်းကြီးတွေ့လိုက်ရသည်။ လွန်းသုတစ်ယောက် ချက်ချင်းကြီးပင် မျက်စိကန်းချင်သွားရ၏။"သင်းသင်း နင်မိန်းကလေးတော့ ဟုတ်ပါတယ်နော်"
"ငါ့ဟာငါ မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ်။ အရေးကြီးတာ သရက်သီးစားရဖို့ပဲ"
သူမသည် စောနကခြွေချထားသည့် သရက်သီးစိမ်းစိမ်းများကိုကောက်ကာ အိတ်ထဲထည့်နေသည်။ သရက်သီးစားချင်တာများ ယောက်ျားလေးတစ်ယောက်ယောက်ကို တက်ခူးခိုင်းလည်း ရနေသည်ကို။ လွန်းသု ခနဲ့ကာ တစ်ချက်ရယ်လိုက်သည်။
"ဒါ့ကြောင့် ဟန်ထူးက နင့်ကိုမကြိုက်တာ"
သင်းသင်းခမျှာ ကိုင်ထားသည့်သရက်သီးထုတ်ပင် ဗုန်း ခနဲ့ အောက်သို့လွတ်ကျသွားရရှာသည်။ သူမ ခဏလောတည်သွားပြီးနောက် လွန်းသုကို မှုန်မှုန်သေသေပြန်ကြည့်လာသည်။
"အဲ့နေ့က ငါ့ကို ဟန်ထူး ဘာပြောခဲ့လဲသိလား"
လွန်းသု အူနနဖြင့် ခေါင်းဆတ်ဆတ်ခါသည်။
"ဘာပြောခဲ့လဲ သိလား"
ဒီတစ်ခေါက်တော့ သင်းသင်းအမေးတွင် ကြေကွဲထိရှသံများပါလာလေပြီ။ သူမမျက်နှာသည် သနားစရာကောင်းစွာပင် မဲ့ရွဲ့လာပြီး
"သူ....သူကြိုက်တာ...."
သင်းသင်းမှာ မခံစားနိုင်တော့သည့်ပုံဖြင့် အီးဟီးး ဟုဆိုကာ လှည့်ကာပြေးထွက်သွားတော့သည်။
"သင်းသင်း ဒီမှာ နင့်သရက်... သရက်....သီးထုတ်"
လွန်းသုသရက်သီးထုတ်ကိုကောက်လိုက်သော်လည်း သင်းသင်းမှာ မြင်ကွင်းထဲတွင် မရှိတော့ချေ။
ဟန်ထူးကြိုက်တာက ဘာလဲ။
ဟန်ထူးက တစ်ယောက်ယောက်ကို ကြိုက်နေတာလား။
အဲ့ဒီကျောက်ရုပ်ကြီးကလေ။
အိုးးးးမိုင်ဂေါ့!!!!!!
YOU ARE READING
- A Cat In My Life -