8 ( Z )

283 6 0
                                    


'ဘုန်းး'

နမော်နမဲ့လမ်းလျှောက်ရာမှ လူတစ်ယောက်နှင့်ဝင်တိုက်မိခြင်းတွင် သူကဘာမှမဖြစ်သွားသော်လည်း တစ်ဖက်မိန်းကလေးမှာမူ ကိုင်လာသည့်စာအုပ်ကလေး အောက်သို့ပြုတ်ကျသွားရရှာသည်။

"အိုး ဆောဒီး"

လွန်းသု၏ တောင်းပန်စကားကို ထိုမိန်းကလေးကမတုန့်ပြန်ပဲ ကိုယ်ကိုကိုင်းကာ စာအုပ်ကိုကောက်ဖို့လုပ်တုန်း လွန်းသုကပဲ လက်ဉီးစွာထိုစာအုပ်လေးကို ကောက်ပေးလိုက်သည်။ ပြီးမှ ထိုကျောင်းသူ၏မျက်နှာကို သေချာကြည့်မိတော့ လွန်းသုတစ်ယောက် နှလုံးသားထဲဒဲ့ကြီးထိသွားရသည်။ ထိုကျောင်းသူ၏ ရှန်ပူနံ့သင်းသင်းနှင့် မျက်နှာလှလှလေးမှာ ဆွဲငင်အားကောင်းသည့် သံလိုက်လို။ ဘဝအဆက်ဆက်က ဆုံခဲ့ဖူးသည့် ဖူးစာရှင်လိုမျိုး သူ့ရင်ထဲခံစားလိုက်ရသည်။
သေချာပေါက် သူ့ဖူးစားရှင်ပဲ။

အရင်ဘဝတုန်းက အရမ်းကို တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မပေါင်းဖက်လိုက်ရပဲ သေကွဲကွဲသွားကြသည့် ချစ်သူနှစ်ဉီးအား ဘဝသစ်တွင် ထပ်မံဆုံတွေ့စေပြီး ဖူးစာပြန်ဆုံစေသလိုမျိုး...။

"ဟေ့ကောင်။ မင်းမိုးကြိုးပစ်ခံလိုက်ရတာလား"

လွန်းသု၏ ငုတ်တုတ်မေ့ကာ စိတ်ကူးယဉ်နေခြင်းကို အောင်ဉီးက လှုပ်နှိုးပြီး ဝေဖန်ခါမှ လွန်းသုလည်း လန့်နိုးလာတော့သည်။ သူ့မျက်နှာတွင် ပန်းပေါင်းစုံပွင့်ဖူးလာသလိုရုပ်မျိုးဖြင့်...

"အဥ ငါ ငါ့ဖူးစာရှင်ကို တွေ့လိုက်ရပြီ"

အောင်ဉီးက မအံ့သြ။ နှုတ်ခမ်းသာ ရွဲ့သည်။

"လာပြန်ပြီ။ မင်းအဲ့လိုပြောတာ ဘယ်နှစ်ယောက်ရှိနေပြီလဲ"

"မဟုတ်ဘူး။ ဒီတစ်ခါ တကယ်အတည်"

"အဲ့လိုပြောတာလည်း အကြိမ်ပေါင်း 7412890 လောက်ရှိနေပြီ"

ဘယ်လိုပြောပြောမယုံသည်မို့ လွန်းသု စိတ်တိုလာပြီး အောင်ဉီး၏နားရွက်ကို အားကုန်လှမ်းဆွဲတော့သည်။

"တကယ်.......လို့......"

"အားးး...."

အောင်ဉီးနာကျင်စွာညည်းတွားလိုက်ပြီးနောက် သူ၏လက်က ရရာကို လှမ်းဆွဲလာသည်။ လွန်းသု၏ ပါးဖောင်းဖောင်းကို ကိုင်မိသည်နှင့် လက်ညိုးနှင့် လက်မဖြင့် ဖိညှပ်ဆွဲလာတော့ ဒီတစ်ခါအော်ရသူက လွန်းသု။

- A Cat In My Life -Where stories live. Discover now