နွေရာသီကျောင်းပိတ်ရက်ဆိုသည်မှာ လွန်းသု၏ 'နောက်ဆုံးတော့ ကျောင်းပိတ်ပြီဟေ့!!!!!' ဟူသည့် ဟစ်ကြွေးသံနှင့်အတူ စတင်ခဲ့ပြီး သဘာဝအလျောက် တိုက်ခတ်နေသည့် ပြတင်းမှဝင်လာသောလေတချို့တောင်မှ ဤနေ့မှ ပိုမိုကာ လတ်ဆတ်နေသည်။ ဖေဖေကတော့ အလုပ်သွားခါနီး မမေ့မလျော့ လွန်းသုအခန်းထဲအလျင်စလိုဝင်ကာ အိပ်နေသည့်သူ၏အချစ်တော်လေးအား အာဘွားပေးပြီး ကမန်းကတန်းပြန်ထွက်သွားသည်။
လွန်းသုကတော့ အိပ်ချင်မူးတူးနဲ့ နှုတ်ခမ်းလေးစူကာ ပြောလိုက်သေးသည်။"အခုတော့ ပေးထားပေါ့။ ညောင်ညောင်ချစ်သူရသွားရင် ညောင်ညောင့်ရဲ့ ချစ်သူကိုပဲ ပေးခိုင်းတော့မှာ"
__________________________
'ပြွတ် ပြွတ် ပြွတ်'
ဖန်သားပြင်ပေါ်မှ မင်းသားနှင့်မင်းသမီး၏ ရုက်တရပ်ဆန်သည့် အနမ်းများသည် အိမ်မှလူပျိုလေးတွေကို ရှက်သွေးဖြာစေသဖြင့် ခွန်းသုက ခေါင်းကိုအောက်သို့ငုံ့လိုက်ကာ လက်တွင်အမွှေးဘယ်ဘယ်နှစ်ပင်ရှိသလဲ ရေတွက်နေသယောင်ရှိသည်။
ထွန်းသုကတော့ ခေါင်းကိုမော့ကာ မျက်နှာကျက်မှ အစက်အပြောက်များသို့ စိတ်ဝင်တစားရှိနေသလို။
မေမေကတော့ လူကြီးလည်းဖြစ်သဖြင့် ဘာမှမဖြစ်သလို ဆက်ကြည့်နေနိုင်သည်။
ထိုအချိန်တွင် စက်ရုပ်လို အသက်ပင်မရှုတော့ဟုထင်ရသည့် လွန်းသုမှာ မျက်လုံးက ဖန်သားပြင်တွင် ရှိနေသော်လည်း မြင်ယောင်နေသည့်အရာတွေကတော့....."အားးးးးး!!!!!"
ရုပ်ချည်းထအော်ကာ ဆိုဖာမြှပုတ်ကျလေတော့ အားလုံးလန့်ဖြန့်ကာ အကြည့်ပို့လာကြသည်။
လွန်းသုနားနှစ်ဖက်ကိုအုပ်ကာ ဂယောင်ချောက်ခြားဖြင့် တုန်လှုပ်လျက်ရှိသည်။အဲ့ညက ဟန်ထူးနဲ့ တကယ်နမ်းခဲ့တာလား။
တကယ်ကြီးလား။
မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။
ဟန်ထူးနဲ့ ငါနဲ့.....။"ညောင်ညောင် ဘာဖြစ်..."
"အားးးး!!!!! မဖြစ်နိုင်ဘူး!!"
အာခေါင်ခြစ်အော်သံများမှာ တစ်အိမ်လုံး လွှမ်းခြုံသွားရလျက်။
____________________
လွန်းသုတစ်ယောက် အခန်းပြတင်းပေါက်မှ ဟန်ထူးတို့အိမ်ကိုကြည့်ရင်း လက်သည်းကိုက်လျက် မရပ်မနား မတွေးတောသည်။
ဟန်ထူးနဲ့ သူက သူငယ်ချင်းတွေ။
ငယ်သူငယ်ချင်းတွေ။
သူငယ်ချင်းအချင်းချင်း နမ်းတာလုံးဝမဖြစ်သင့်ဘူး။
သူဘာအရူးထပြီး နမ်းမိခဲ့တာလဲ။
YOU ARE READING
- A Cat In My Life -