"တပည့်တို့တာဝန်က ရေခဲတောင်ကြာပွင့်ကို သွားခူးယူလာဖို့ပဲ။ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာဟာ တပည့်တို့လက်ထဲမှာပဲ။ ဘာမှအတိမ်းအစောင်းဖြစ်လို့မရဘူး။ ရှစ်ဇွင်း တပည့်တို့ကို ယုံကြည်တယ်။ "
ခေါင်းတွင် ဘောင်းဘီအမည်းစွပ်ထားသည့် ခွန်းသုက ခေါင်းမော့ကာ လက်နောက်ပစ်လျက် mood အပြည့်ဖြင့် ပြော၏။ သူ့ရှေ့တွင် ဒူးထောက်လျက်ရှိနေသူနှစ်ယောက်မှာ ထွန်းသုနှင့် လွန်းသု။ သစ်သားဓါးအားကိုယ်စီနောက်တွင်လွယ်ကာဖြင့် ခေါင်းတွင်ခွန်းသုကဲ့သို့ ဘောင်းဘီစွပ်ထားပြီး နဖူးတွင်လည်း ကြိုးစည်းထားသေးသည်။ သိုင်းသမားပုံစံအပြည့်ဖြင့် ခွန်းသုရှေ့ဒူးထောက်ကာ မျက်နှာထားတည်တည်ဖြင့် ခေါင်းငုံ့ထားကြသည်။
"တပည့် ကျန်းနံဟောင် ရှစ်ဇွင်းရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါဘူး"
ထွန်းသုက ဦးစွာပြောလျင် လွန်းသုကလည်း
"တပည့် ရှောင်ချီးပေလည်း ရှစ်ဇွင်းရဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါဘူး"
ထိုနောက်တွင် သိုင်းသမားနှစ်ယောက်မှာ ရေခဲတောင်ကြာပွင့်ရှာရန် ထွက်လာခဲ့ကြတော့သည်။ သုံးလှမ်းလောက်လျှောက်လာအပြီးတွင် ကျန်းနံဟောင်ဟာ တစ်ခုခုကိုရိပ်မိသကဲ့သို့ ခြေလှမ်းတွေအားရပ်လိုက်ကာ ပတ်ဝန်းကျင်ကို မျက်လုံးကစားကာ စူးစမ်းသည်။
"ရှစ်တိ ငါတို့မိစ္ဆာနယ်မြေကို ဖြတ်လာမိပြီထင်တယ် ။ သတိကပ်ထား"
"ဟုတ်ကဲ့ ရှစ်ရှုန်း"
ရှောင်ချီးပေခေါင်းညိတ်ကာ ပြောလိုက်ပြီး သိပ်မကြာခင်ပင် ကျန်းနံဟောင်တစ်ယောက် ကျောမှဓါးကိုထုတ်ကာ ဘာမှမရှိသည့် လေထဲတွင်ခုတ်ရမ်းတော့သည်။
'ဝှီး ဝှစ်'
"ရှစ်တိ ငါတို့အရိပ်မဲ့သိုင်းကွက်နဲ့ တိုက်ခိုက်ခံရပြီ သတိထား!"
ရှောင်းချီးပေ ထိတ်လန့်သွားရပြီး အလျင်အမြန်ပင် ဓါးဆွဲထုတ်ကာ လွှဲရမ်းတော့၏။
"ရှားးးး ရှားးးး အိုင်းယားးးး"
နှစ်ယောက်သား လေကိုအပန်းတကြီးခုတ်နေရာမှ ရှောင်ချီးပေ၏ အင်မတန်မှတန်ဖိုးကြီးလှသည့် သစ်သားဓါးဟာ အရှိန်လွန်ကာ လွင့်ထွက်သွားပြီး မလှမ်းမကမ်းမှ စာဖတ်နေသူတစ်ယောက်၏ စာအုပ်ပေါ်သို့ သွားမှန်သည်။
YOU ARE READING
- A Cat In My Life -