7 ( Z )

289 6 0
                                    


"ထွန်းသု ခွေးလိမ်မာကားအခွေလေး ငှားလာတယ်ဆို။ ကြည့်ကြမယ်ဟေ့"

ဖေဖေ၏ ပြောစကားအဆုံးတွင် မေမေ ကိုကြီး လွန်းသုတို့ပါ TV ရှေ့တွင် နေရာယူကြတော့သည်။ ခွေးလိမ်မာကားက အရမ်းကောင်းသည် မျက်ရည်တွေပါကျရသည်ဆိုသဖြင့် သူတို့ကြည့်ချင်နေသည်မှာ ကြာပြီ။

"မေမေတို့ တစ်ရှူးလေးပါ တစ်ခါတည်းဆောင်ထားရမယ်နော်"

"ဒီမှာ ချထားတယ်"

ဒေါ်လွင်ချိုက ငိုဖို့အသင့်အနေအထားပင်ဖြစ်လို့နေပြီ။
ထွန်းသု မိမိပြောသည့်ဇာတ်ကားဟာ ဘယ်လောက်ကောင်းကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြသဖို့ အခွေကိုအောက်စက်ထဲထည့်လိုက်သည်နှင့် ရောက်နေရာမှ ပြန်လည်ပြသခြင်း ဆိုသည့်စာလေးပေါ်လာသည်။ အားလုံး၏ အကြည့်တို့က TV ဖန်သားပြင်သို့ စိတ်ဝင်တစား။ ထွန်းသုကလည်း TV remode ကောက်ကိုင်စဉ်။

"အားးး အားးး အားးး"

ကိုယ်တုံးလုံး အမျိုးသား အမျိုးသမီးနှစ်ယောက်၏ ပူးကပ်နေရာမှ ထွက်လာသည့်ညည်းသံများ။

"ဒီကောင်! မင်း"

အားလုံး၏ မျက်နှာများရဲတွတ်ကာ ထွန်းသုကို အားလူးသီးထွက်အောင် ဝိုင်းဆော်ကြတော့သည်။

'ဘုန်းး ဘုန်းး ဘုန်းးး'

နောက်ဆုံးတော့ သူ့အမေငိုဖို့ချထားသည့် တစ်ရှူးများဟာ ထွန်းသုမျက်ရည်သုတ်ဖို့သာ ဖြစ်သွားရတော့သည်။ မေဘေး သူ့သူငယ်ချင်းက ခွေမှားထည့်ပေးလိုက်ခြင်းမှာ သူသာနဖူးတွင် ဘုထရသည်။
ထွန်းသုတစ်ယောက် နှာခေါင်းထဲ တစ်ရှူးလိပ်ထိုးထည့်ကာဖြင့် သူ့သူငယ်ချင်းကို မေတ္တာသာ ထိုင်ပို့နေမိတော့သည်။
___________________

စာလုပ်နေစဉ် လွန်းသုထိုးပေးလာသည့် စာတစ်စောင်က မြင်ကွင်းထဲသို့ ရောက်လာသည်။ ဟန်ထူးဆတ်ကနဲ့ယူလိုက်ပြီး အောက်ကအမှိုက်ပုံးထဲသာ ထည့်ပစ်လိုက်သည်။

"ဖွင့်တောင် မဖတ်ကြည့်တော့ဘူးပေါ့။ မောက်မာချက်က"

ဟန်ထူးကို ဘေးမှာထားပြီး ဝေဖန်နေပုံက နှုတ်ခမ်းလေးရွဲ့လျက်။ ဟန်ထူး လွန်းသု၏ ပယင်းရောင်မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။

- A Cat In My Life -Where stories live. Discover now