မနေ့က ပါးချထားပြီး ဒီနေ့ကျသူ့ကိုမြင်တိုင်း ထွက်ပြေးနေသည့်ကောင်ကို မနည်းအမိဖမ်းလိုက်ရသည်။ နောက်ဆုံးတော့ မုန့်စားဆင်းချိန်တွင် ထိုတစ်ယောက်ကို နံရံတွင် တွန်းဖိထားပြီး ခပ်စူးစူးကြည့်နေမိသည်။"နာမည်က ဖြိုးဝေ ၊ အသက်က 18 ၊ ဇာတိက ရခိုင်ပြည်ရဲ့ တောချုံအုံကြားက ဓာတ်မလိုက် ကားမတိုက်တဲ့နေရာ ၊ တစ်ရွာလုံးပေါင်းမှ ရေဒီယိုတစ်လုံးပဲရှိတာတောင် ဖွင့်ပြီးပြန်ပိတ် မြေထဲမြှုပ်သိမ်းတဲ့ရွာ ၊ လေယာဥ်ပျံလာရင် မုန့်ချခဲ့ လို့အော်တဲ့ရွာ ၊ TV မှာ မဖွယ်မရာတွေပါလာရင် ထမိန်နဲ့ပြေးအုပ်တဲ့ရွာ။ အဲ့လိုရွာမျိုးကလာတဲ့ကောင်ကများ ငါ့လိုမြို့ကြီးသားကို ကတောက်!"
ဇင်မင်းမောင် ဆရာမရုံးခန်းထဲခိုးဝင်ပြီး ထိုကောင်လေး၏နာမည်ကိုသိရဖို့ အချက်အလက်ဖိုင်ကို ခိုးကြည့်ခဲ့ခြင်းပင်ဖြစ်သည်။
ဖြိုးဝေမှာ သူ့ပုံစံအတိုင်းကိုယ်လေးကျုံ့ကာ ခေါင်လေးငုံ့ထားလျက် အောက်နှုတ်လေးကို ဖိကိုက်ထားသည်။
"မင်းငါ့ကို ဘယ်လက်နဲ့ရိုက်ခဲ့တာလဲ။ ဒီလက်လား!"
ဖြိုးဝေ၏ ညာဘက်လက်ကို အကြမ်းပတမ်းဆွဲယူလာတော့ ဖြိုးဝေမှာ ကြောက်လွန်း၍ လက်ဖျားတွေပင် အေးစက်နေချေပြီ။
"အားးးး!!!"
ဖြိုးဝေ၏ ဆောင့်နင်းလိုက်မှုတွင် ဇင်းမင်မောင်၏ ခြေထောက်တစ်ဖက်မှာ ကျိုးကြေမတတ်ခံစားလိုက်ရသည်။ ခြေထောက်အားမြှောက်ကာကိုင်ပြီး ခုန်ဆွခုန်ဆွ ခဏဖြစ်သွားရကာ သက်သာသွားတော့မှ ခါးထောက်ခေါင်းမော့ကာ လေကိုဝဝရှူသွင်းလိုက်သည်။
ဒီကောင်က အလျော့ပေးလေလေ ရောင့်တက်လေလေပါလား။ ဇင်မင်းမောင်၏ ဒေါသတွေက တကယ်ကို မထိန်းနိုင်တော့ပါချေ။"မင်းးးး!"
အားကုန်ရိုက်ပစ်ရန် လက်မြှောက်လိုက်တော့ လေထဲမှာပင် ရပ်တန့်သွားရသည်။ ဖြိုးဝေက တအီးအီးဖြင့် ရှိုက်ငိုလာခြင်း။
"ဟေး ဘာလိုငိုတာလဲ။ ငါမင်းကို ဘာမှမလုပ်ရသေးဘူးနော်"
"ဟင့်...အီးးးး ဟီးးး"
YOU ARE READING
- A Cat In My Life -