5 ( U )

1K 80 9
                                    


"ဟန်ထူးးးးးးး!!! ခွေးကောင်!!!"

လွန်းသု၏ ဒေါသစွတ်နေသည့်အော်သံကြောင့် အိမ်ပြိုကျမတတ်တုန်ခါသွားသလိုပင် ထွန်းသုခံစားလိုက်ရသည်။ သူက သွားပြန်ပေါက်ဖို့ ခွေးတစ်ကောင်ကိုတောင်းပန်ရသည့် အယူအဆမှာ မှားယွင်းနေကြောင်းနှင့် အလိမ်ခံလိုက်ရပြီဟုပဲ ပြောလိုက်ခြင်းဖြစ်သည်။ညောင်ညောင်က ရုတ်တရက်ထိုသို့ ထအော်လာခြင်း။ ထွန်းသု နားအုပ်မျက်လုံးမှိတ်ထားရာမှ ဖွင့်ကြည့်လိုက်တော့ ညောင်ညောင်က အောက်သို့တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် ဆင်းသွားပြီဖြစ်သည်။

"ဟေ့ကောင် ဟန်ထူး။ လူမသား"

ခွေးမသားဟု ဆဲလို့မရပေ။ သူက ဟန်ထူးတို့အိမ်ရောက်နေတာကိုး။ တီတီကလည်း အောက်ထပ်မှာရှိနေသည်။

"မင်းငါ့ကို လိမ်ရဲတယ်ပေါ့"

ပြောပြောဆိုဆို အခန်းထဲသို့ဝင်လိုက်လျင် အသက်ရှူမှန်မှန်ဖြင့် အိပ်ပျော်နေသည့်ဟန်ထူးကို တွေ့လိုက်ရသည်။ သူများကို လိမ်ပြီး သူကျညနေစောင်းအချိန်ကြီးကို သိုးနေအောင် အိပ်နေလိုက်တာများ။
လွန်းသု ကုတင်ဘေးတွင် ဟိုလျှောက် ဒီလျှောက် ခဏလုပ်ပြီး ပြဿနာရှာဖို့ နှိုးလိုက်ရမလား နိုးမှပဲ ရှာရမလား အတွေးများနေ၏။

'တိန်'

ဦးနှောက်ထဲမှ မီးလုံးလေးလင်းလာခဲ့ပြီ။ ပျော်ရွှင်စွာ အသံမမြည်သည့် လက်ဖျောက်တစ်ချက်တီးလိုက်ပြီး အိပ်နေသည့်ဟန်ထူးကိုယ်ပေါ် ခွထိုင်တော့သည်။

အိပ်နေတုန်းပြဿနာရှာဖို့လေ။

'ဖြန်းး ဖြန်းး'

ပါးကို အားပါပါရိုက်ချလိုက်သည်နှင့် ဟန်ထူး၏မျက်လုံးများ ဖွင့်ကြည့်လာလျင် လွန်းသုတစ်ယောက် အလင်းအလျင်ဖြင့် ထပြေးရတော့သည်။

"ကစ်တီလွန်းသု!!! မင်းကိုငါ သတ်မယ်!!!"

ဟူသည့်အသံမှာ ကြောက်ခမန်းလိလိ နောက်မှထွက်ပေါ်လာသည်။လှေကားမှ ပြေးဆင်းပြီးနောက် အိမ်ထဲဝင်လာသည့် ဟန်ထူးအဖေ ဦးမင်းမျိုးနွယ်၏ရင်ခွင်ထဲသို့ ပြေးခုန်ဝင်ကာ အတင်းဖက်လိုက်ပြီး မပြုတ်ကျရအောင် ခြေထောက်တွေကို ခါးပေါ်တွင် ချိတ်ပစ်လိုက်သည်။

- A Cat In My Life -Where stories live. Discover now