14 ( U )

1K 86 2
                                    


လွန်းသုတစ်ယောက် ထိုနေ့ကတည်းက ဟန်ထူးနှင့်မခေါ်နိုင်မပြောနိုင်ဖြစ်သွားရသည်မှာ နှစ်ရက်တိတိပင်ဖြစ်လေသည်။
သူ့ကိုကြိုက်နေသည့် အချစ်ဆုံးသူငယ်ချင်းကို ပုံမှန်အတိုင်းဆက်ဆံဖို့ရာ အင်တင်တင်ဖြစ်လို့နေသည်မှာလည်း ဟန်ထူးအားရှောင်နေမိခြင်း အကြောင်းတရားပင်ဖြစ်လေသည်။

သို့သော်နောက်တစ်နေ့ညရောက်သည့်အချိန်တွင်တော့ လွန်းသုတစ်ယောက် ဆိုက်ဆိုမြိုက်မြိုက်ကြီးကို ဟန်ထူးအခန်းသို့ ရောက်ရှိခဲ့သည်။

"အိမ်မှာ မအိပ်ဘူးလား"

"ကိုယ့်သူငယ်ချင်းးးနဲ့အတူ အိပ်ချင်လို့လေ"

လွန်းသုက သူငယ်ချင်း ဆိုသည့်စကားကို တမင်ဖိပြောခြင်းကို ဟန်းထူးရိပ်မိသဖြင့် မျက်မှောင်ပင်ကြုတ်မိသည်။
သူ့အပေါ် လွန်းသုဘက်က သဘောထားက ဤမျှသာ။

လွန်းသုက ညအိပ်ဝတ်စုံခပ်ပါးပါးလေးဝတ်ကာ ဘာမှမဖြစ်ခဲ့သလိုမျိုးပုံစံဖြင့် ကုတင်ပေါ်လုံးလုံးလေးတက်ကာ သူ့နေရာတွင် လဲလျောင်းသည်။
ဟန်ထူး လွန်းသုအား တိတ်ဆိတ်စွာအကဲခတ်ကြည့်နေပြီးမှ ဘေးတွင် ဝင်အိပ်တော့ လွန်းသုက ဟန်ထူးဘက်သို့ တစောင်းလှည့်လာသည်။

"သူငယ်ချင်းအချင်းချင်း မချစ်ကောင်းဘူးတဲ့။
မင်းက အမြဲတမ်း ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲ။ သူငယ်ချင်းဆိုတာ ပြတ်တာတွေ လမ်းခွဲတာတွေ မရှိဘူးလေ"

"ဒီတော့ ဘာဖြစ်လဲ"

"အော... ငါပြောချင်တာက အမ်...."

ဟန်ထူးက လွန်းသုအဖြေကို မစောင့်။
ချက်ချင်းပင် ကိုယ်ကိုလှည့်ကာ ကျောပေးသွားသည်။

"သူငယ်ချင်းတွေက အမြဲတမ်း သူငယ်ချင်းတွေဖြစ်နေမှာပဲ။ ငါ လွန်းသု မင်း ဟန်ထူး ... ငါတို့တွေ တစ်သက်လုံး သူငယ်ချင်းလုပ်သွားကြမယ်"

"ငါကတော့ ဘယ်တုန်းကမှ မင်းကို သူငယ်ချင်းလို့ မတွေးခဲ့ဖူးဘူး"

လွန်းသု၏ ရင်ဘက်လေးမှာ အလွန်အမင်း နာကျင်သွားရလျက်။ ရှေ့မှခွေးကောင်ကို အားကုန်သာ ထုရိုက်ပစ်ချင်မိတော့၏။ ဒီရုပ်ချောချောလေးနဲ့ ပြောလိုက်ရင် ရိုက်ပေါက်တွေချည်း။

- A Cat In My Life -Where stories live. Discover now