အထက်တန်းကျောင်းသို့ရောက်သည်မှာ 2နှစ်ကျော်ပင် ရှိခဲ့လေပြီ။
စာလုပ်ရမှာကို သရဲထက်ကြောက်သည့် လွန်းသုတစ်ယောက် ရှေ့ကအတန်းတွေအောင်လာသည်က ထွေထွေထူးထူးအံ့သြစရာတော့မရှိပါ။ စာခိုးချပြီး အောင်လာတာကိုး။
ယခု 11 တန်းတွင်လည်း သကောင့်သားလေးက ဘာမှပြောင်းလဲလာမှုမရှိ။
ထိုနည်း၎ ဆိုးပေနေဆဲ။ ကျပ်ကလည်း ပြည့်မလာ။ လူကောင်မှာလည်း တပွေ့စာသာသာ။ သို့သော် ထိုမလောက်လေးမလောက်စားခန္ဒာကိုယ်နဲ့ ဟန်ထူးကို လှမ်းလှမ်းစွာတတ်ပါသေးသည်။ကျောင်းရှေ့တွင်ရပ်လာသည့် Proton Jumpback အဖြူရောင်ကားတံခါးပွင့်သည်နှင့် ကားပေါ်မှဆင်းလာသည့် လူငယ်လေးတစ်ယောက်။ ကျောပိုးအိတ်ပါ All black ဝတ်ထားပြီး ဆံပင်တွေကို သေသပ်စွာသထားပုံမှာ ခန့်ညားသည့်ပုံစံဖမ်းထားသော်လည်း ကလေးမျက်နှာပေါက်ကတော့ သိသိသာသာထင်ရှားလို့။ တည်ငြိမ်သည့်မျက်နှာဖြင့် ပယင်းရောင်မျက်လုံးတွေဟာ အေးစက်စွာဖြင့် ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်ကာ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်လျက် Styleကျကျလမ်းစလျှောက်သည်နှင့်....
'ဖတ်'
ဖြတ်ရိုက်ခံလိုက်ရသည်ကြောင့် နောက်သို့မိုက်ကြည့်ကြည့်လိုက်လျင် မျက်လုံးနှင့်တစ်တန်းတည်းဖြစ်နေသည့် တစ်ဖက်လူ၏ ရင်ဘက်ကိုသာမြင်ရသည်။ ကျောင်းဝတ်စုံခဲရောင်လေး။ သူ၏ခေါင်းအားဒီဂရီအနည်းငယ်စောင်းမော့ကြည့်လိုက်မှသာလျင် ငုံ့မိုးကြည့်နေသည့် မျက်ဝန်းတစ်စုံ။ ဘေးခွဲကာအပေါ်သို့သပ်တင်ထားသည့် ဆံပင်နက်နက်၊ ထူထဲသည့်မျက်ခုံးစူးရှပြီး တောက်ပသည့်မျက်ဝန်းများနှင့် နှာဖျားချွန်ချွန်။ တင်းတင်းစေ့ထားသည့် နှုတ်ခမ်း။ လွန်းသုကြည့်နေရင်းမှ ထိုနှုတ်ခမ်းဖျားတွေက ဖွင့်ဟကာ လှုပ်ရှားလာသည်။
"ဒါက ဘယ်လိုပုံစံဖြစ်လာတာလဲ"
"တည်ငြိမ်သည့် မျက်နှာနှင့် All black ဝတ်ထားသည့်အံ့မင်းရှိန် ကားပေါ်ကဆင်းလာသည်ကိုမြင်သည်နှင့် တစ်ကျောင်းလုံးကကျောင်းသူများ ဆူညံစွာအော်ဟစ်ကြတော့သည်"
လွန်းသုရွတ်ပြသည့်စာကြောင်းမှာ အချစ်ဇာတ်လမ်းစာအုပ်ထဲမှစာကြောင်းတစ်ခုပင်။ ဇာတ်လိုက်ရူးရူးနေသည့် လွန်းသုတစ်ယောက် ထိုအတိုင်းလိုက်လုပ်နေခြင်း။ ထို့ကြောင့် တမင်ကိုဒီနေ့ကျမှ ကိုကြီးခွန်းသုကို ကားဖြင့်လိုက်ပို့ခိုင်းခြင်းဖြစ်သည်။ သူ့မှာကားမှ မရှိပဲ။
YOU ARE READING
- A Cat In My Life -