မုန့်စားဆင်းချိန် ဟန်ထူး၏ Bio ခန်းထဲတွင်....
"သင်းသင်းလေ ငါ့ကို ဇာတ်ကားတစ်ကားညွှန်ပေးတာ ယောက်ျားချင်းချင်းကြိုက်တဲ့ ကားကြီးကွာ ။ ငါတော့ မကြည့်ဘူး။ တစ်မျိုးကြီးပဲ"
စာရေးနေသည့်ဟန်ထူးလက်တွေက ဘောပင်ကို တင်းခနဲ့။
သို့သော် စိတ်မဝင်စားသလို ဆက်ရေး၏။"ငါတော့ အဲ့လိုတွေ သဘောမကျဘူး။ ဟန်ထူး မင်းရော ဘယ်လိုမြင်လဲ"
ဟန်ထူး လေပူတစ်ချက်ခပ်ဖွဖွမှုတ်ထုတ်လိုက်ရင်း စာအုပ်ကိုသိမ်းကာ ထရပ်သည်။ သူ့လက်တွေ တဖြည်းဖြည်း အေးစက်လို့လာသည်ကိုတော့ သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။
"အိမ်သာသွားဦးမယ်"
လွန်းသုတစ်ယောက် ဟန်ထူးကိုမော့ကြည့်ရင်း အူနနဖြင့်သာ ကျန်ရစ်ခဲ့လေသည်။
_______________________
ဟန်ထူးရေချိုးပြီးတဘက်တစ်ထည်ပတ်ကာ ခေါင်းကိုသုတ်နေတုန်း တဒုန်းဒုန်းဖြင့် အခန်းထဲသို့ လူတစ်ယောက်ပြေးဝင်လာသည့် အသံကိုကြားလိုက်ရသည်။ လှည့်ကြည့်ဖို့ပြင်ချိန် သူ့ရင်ခွင်ထဲတိုးဝင်လာသည့် ခေါင်းတစ်လုံး။
"အီးဟီးးဟီးးး အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ ။ ယောက်ျားလေးချင်းကြိုက်တာက အရမ်းဝမ်းနည်းဖို့ကောင်းတယ်။ ဝူးးဝူးးး"
သူ့ကိုဖက်ကာ မျက်ရည်မိုးရွာသွန်းနေသည့် လွန်းသုနဖူးကို လက်ညှိုးနှင့်တွန်းကာ ထုတ်လိုက်သည်။
"ဘာဖြစ်လာတာလဲ"
"သင်းသင်းညွှန်းပေးတဲ့ ဇာတ်ကားကိုကြည့်တာ။ အရမ်းသနားဖို့ကောင်းတာပဲ အီးးးး"
"နှပ်ချေးတွေတောင် ထွက်နေပြီ။ ကလေးကလားနဲ့"
"တဘက်ခဏငှား ဒါဆို"
တအင့်အင့်ရှိုက်ငိုရင်း ပြောတော့ ဟန်ထူးက သူကိုင်ထားသည့်တဘက်ကိုပေးဖို့လုပ်တုန်းပဲ ဘယ်သူကထင်မှာလဲ။ လွန်းသုက သူ့ခါးပေါ်က တဘက်ကိုဆွဲယူလိမ့်မယ်လို့!။
ပြီးတော့မှ သတိရသွားတဲ့လွန်းသုက သူ့မျက်စိရှေ့က ဟန်ထူး၏ငယ်ပါကိုမြင်ပြီး မျက်နှာမှာ အချိန်မရွေးမေ့လဲတော့မလို ပြာနှမ်းသွားရ၏။
YOU ARE READING
- A Cat In My Life -