''ရောက်ပြီ''
''ဟမ် အမ်း''
''ကိုအောင်ဆင်းတော့''
''အေး ကျေးဇူးဘဲ''
''ခင်ဗျားက ကျုပ်အိမ်ကိုလိုက်ခဲ့ရမှာ
စကားပြောရတာအတော်မောသွားတယ်ထင်ရဲ့''''အဟမ်း''
ဟုတ်တော့လည်းဟုတ်သည်။တစ်ကန်သာကိုပြန်တဲ့လမ်းမှာအစကသာစကားမပြောဘဲတိတ်ဆိတ်ပြီးနေရထိုင်ရကျပ်နေသည်။ကိုအောင်လွန်မောင်းကစကားခေါ်မှသာပြောဖြစ်တော့သည်။ပြောတော့လည်းသူ့ကိုတောင်မေ့နေသည်။အများစုကတော့ကျောင်းက ကလေးတွေအကြောင်းနဲ့ ကိုအောင်လွန်မောင်းအကြောင်းတွေပင်။ပြန်စဉ်းစားကြည့်တော့ဖောင်ကြီးတုန်းကရက်များကိုလွမ်းမိသည်မှာအမှန်။
''ခင်ဗျား''
''ဗျာ''
''ကျုပ်အစ်ကိုတွေနဲ့အရမ်းရင်းရင်းနှီးနှီးမနေလို့ရမလား''
''ဘာလို့လည်း သူတို့ကမိတ်ဆွေတွေလေ''
''ဘာဖြစ်လို့လည်းဆိုတော့ကျုပ်ကိုကျုပ်တောင်အဖြေရှာမရသေးဘူး ကျုပ်ကတောသားဘွင်းဘွင်းရှင်းရှင်းဘဲပြောတတ်တာ အခုကကိုယ့်ဘာသာကိုယ်တောင်ဘာမှန်းမသိတာ''
''ဘာကိုလည်း''
''ပြောပြီးပါပကော နားမလည်ဘူးလို့လေ''
''ခင်ဗျားနားမလည်တာကိုကျွန်တော့်လာပြောလို့ဘယ်လိုလုပ်သိမှာလည်း ခင်ဗျားနားလည်ရင်လာပြောအဲ့ဒီကျမှကိုယ့်ဘာသာကိုယ်ဘယ်လိုလုပ်ရမလည်းကြည့်မယ် အခုခင်ဗျားမြန်မြန်မောင်းတော့''
စိတ်မရှည်လည်းမရှည်ချင်စရာလှည်းမောင်းရင်းနဲ့စကားပြောလည်းရသည်ကိုလှမ်းတစ်ဝက်မှာရပ်ပြီးဖောင်ဖွဲ့နေသေးသည်။နေကပူ၊လှည်းကဆောင့်နဲ့ကိုယ့်မှာအရှင်လက်လက်ငရဲကျနေသလိုတောင်ခံစားနေရသည်။
''လူလေးတို့ပြန်ရောက်တာမြန်သကိုး
ကောင်းကောင်းမှလည်လိုက်ကြရရဲ့လား''''ဟုတ်ကဲ့နေရာတွေကတော့အတော်စုံတယ်ဗျ''
မင်းနောင်ရဲ့စိတ်အတိုင်းတာဆို'ဟုတ်ကဲ့လေးလေး တော်တော်လေးကိုလည်လိုက်ရပါတယ် ပွဲခင်းတောင်တစ်ပတ်မပြည့်သေးဘူး
လေးလေးညီမလား၊ခယ်မလားမသိတဲ့သူကိုကြောက်လို့ဒီရွာပြန်ပြေးလာရပါတယ်ဗျ' ဟုပြောမိလိမ့်မည်။သူ့အကျင့်ကိုကဒီတစ်ယောက်ကိုမကြည်ရင်သူနဲ့ပတ်သတ်တဲ့သူတွေကိုပါလိုက်အမြင်မကြည်တာဖြစ်သည်။
YOU ARE READING
My Maungg
Romanceကျွန်တော့်နှလုံးသားငလျင်က ခင်ဗျားတစ်ယောက်တည်းကိုသာဗဟိုပြုခဲ့တာပါ။ တိမ်တွေကမပြိုပါဘူးခင်ဗျားရယ် လေထုကြီးရှိနေသ၍ပေါ့။ သစ္စာတရားတွေနဲ့ချည်နှောင်ထားပါခင်ဗျားရယ် ချစ်ခြင်းတွေနဲ့တီးခတ်မှာမို့ မေတ္တာသံစဉ်တွေဘဲပဲ့ထင်လာမှာပါ။ အစကတော့ကိုယ့်ကိုကိုယ်ဘာမှန်းမသိခဲ...