အိမ်ရှေ့သို့ကားကိုဝုန်းဒိုင်းကြဲ၍မောင်းဝင်လာသော နန်းဆက်၏အခြေအနေကြောင့် ဦးလေးငယ် ပခုံးတွန့်လိုက်သည်။နန်းဆက်မှာသက်တန့်နှင့်ပြဿနာဖြစ်လာကြောင်းအခြေအနေကြည့်ရုံနှင့်သိနိုင်သည်။
နန်းဆက်ကအိမ်ထဲသို့ဝင်လာပြီးလက်ထဲကကားသော့ကိုအရှေ့အနောက်မကြည့်ပဲလွှင့်ပစ်လိုက်သည်။ဦးလေးငယ်က ကားသော့ကိုလက်ဖြင့်ဖမ်းလိုက်သောအခါတွင်မှ နန်းဆက်ကအိမ်ထဲ၌ရှိနေသောဦးလေးငယ်ကို သတိပြုမိသွားသည်။ထိုအခါမှ နန်းဆက်ကအရှိန်ကိုနည်းနည်းသတ်လိုက်သည်။
"ဆောရီး.....ဦးလေးငယ်......."
"ကိစ္စမရှိဘူး ထည်ဝါ။မင်းရဲ့စိတ်တွေကိုသာ တည်ငြိမ်အောင်အရင်လုပ်"
နန်းဆက်ကဦးလေးငယ်၏စကားကိုနားထောင်၍အခြေအနေတစ်ခုအထိတည်ငြိမ်လာအောင်ကြိုးစားပြီးသောအခါ သူမ၏စိတ်ခံစားချက်တို့ငြိမ်သက်လာခဲ့သည်။
ဖြစ်ပျက်ခဲ့သမျှကိုပြန်လည်စဉ်းစားလိုက်သောအခါ သက်တန့်ကိုမိမိအနားတွင်မဖြစ်မနေခေါ်ထားဖို့ လိုအပ်နေခြင်းကိုတွေးမိလာသည်။နန်းဆက်သိနေခဲ့သောအကြောင်းပြချက်တစ်ချို့က သက်တန့်ကို မိမိအနားတွင်ခေါ်ထားမှဖြစ်မည်ဟုပြောနေကြသည်။
ထို့ကြောင့် သက်တန့်က မိမိအားလက်ခံလာစေဖို့အတွက် နန်းဆက်မဖြစ်မနေကြိုးစားမှဖြစ်လိမ့်မည်။နန်းဆက်စိတ်မရှည်တတ်ခြင်းကို သက်တန့်သေချာသိသည်။သိရဲ့သားနဲ့ နန်းဆက်၏ဒေါသကိုဆွဝံ့နေသောသက်တန့်ကိုနန်းဆက်မကျေမနပ်ဖြစ်လာခဲ့သည်။
တွေးရင်းတွေးရင်းဖြင့် သက်တန့်၏လုပ်ရပ်ကို နန်းဆက်ဒေါသထွက်လာရပြန်သည်။နန်းဆက်တစ်ယောက်ထဲ ဒေါသများစွာဖြင့် ဆောက်တည်ရာမရဖြစ်နေခဲ့သည်။သက်တန့်ကနန်းဆက်၏စကားကိုမဆန့်ကျင်ပဲ ဒီအတိုင်းနားထောင်လိုက်တော့ ဘာဖြစ်သွားမှာမို့လို့လဲဟု တွေးရင်း သက်တန့်ကို ဒေါသထွက်မိသည်။
သက်တန့်အား အလျှော့ပေးလိုက်ရမည့်ဖြစ်စဉ်ကို နန်းဆက်မလိုချင်ပါ။သက်တန့်ထံတွင် နန်းဆက်မရှုံးနိမ့်ချင်ပါ။သက်တန့်က နန်းဆက်ခြေရင်းမှာ ဝပ်တွားခယနေတာမျိုးပဲဖြစ်စေချင်မိသည်။
YOU ARE READING
သက်တန့်မျှော်စင်💛
Fantasyနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...