နန်းဆက်အလိုကျ သူမ၏အိမ်သို့ သက်တန့် ပြောင်းရွေ့နေထိုင်ခဲ့သည်။အဲ့ဒီအိမ်သို့ သက်တန့်ရောက်သည့်နေ့ကတည်းက နန်းဆက်သည်သက်တန့်ကိုရှိနေတယ်လို့ ထင်မှတ်ဟန်မတူပဲ ခပ်စိမ်းစိမ်းနေပါ၏။
သက်တန့်ကို အနားမှာရှိနေပေးပါဟုပြော၍ အသဲအသန်ဖြစ်နေခဲ့သော နန်းဆက်သည် သက်တန့်ရှိနေသောအခါတွင် ဂရုမစိုက်ခြင်းက ဘယ်လိုများပါလိမ့်ဟု သက်တန့်မတွေးတတ်ခဲ့ပါ။
အမှန်တော့ နန်းဆက်သည်သက်တန့်ကို ဂရုမစိုက်မိအောင်ကြိုးစားနေခဲ့ခြင်းဖြစ်သည်။သက်တန့်အနားမှာရှိချိန်တိုင်းတွင် နန်းဆက်ထံ၌ခံစားချက်တို့ဖြစ်တည်လာလျှက် ဝေဒနာတို့ကိုဖြစ်ပေါ်စေသည်။
ဝေဒနာတို့ကို ဆန့်ကျင်၍ သက်တန့်ကို ဂရုစိုက်ဖို့ နန်းဆက်မကြိုးစားနိုင်ခဲ့ပါ။နန်းဆက်ထံတွင် လုပ်ဆောင်ရန်အလုပ်တာဝန်များစွာရှိနေ၏။ထို့ကြောင့် ခံစားချက်ကို မျက်ကွယ်ပြုရင်း နန်းဆက်သည် သက်တန့်ကို ခပ်စိမ်းစိမ်းနေခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဉ်မှန်ကို သက်တန့်မသိသဖြင့် နန်းဆက်ကိုဘယ်လိုထင်နေမလဲမသိပါ။အခုနောက်ပိုင်း နန်းဆက်တွေးနေမိတာက သက်တန့်၏အကြောင်းတွေသာဖြစ်နေခဲ့၏။သူမက နန်းဆက်၏စိတ်အာရုံကိုစိုးမိုးထားခဲ့သည်။အဲ့ဒါမဖြစ်သင့်ဘူးလို့ နန်းဆက်ထင်မိသည်။
မှန်တာပေါ့။နန်းဆက်မှာရှိနေသည့် ကြီးကျယ်ခမ်းနားပါသည်ဆိုသော တာဝန်တစ်ခုအတွက် သက်တန့်ကိုချစ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးမဟုတ်လား။ဒီလမ်းကိုရွေးချယ်မိလျှင် လမ်းအဆုံး၌ သေခြင်းတရားကစောင့်ကြိုနေမှာကိုသိရက်နှင့် နန်းဆက်မိုက်မဲသင့်ပါသလား.....မဖြစ်သင့်ပါ။
နန်းဆက်၏ဘဝကို မိန်းကလေးတစ်ယောက်ကြောင့် အဆုံးရှုံးခံသင့်ပါသလားဟုတွေးမိသောအခါ မာနပြင်းပြင်းတို့က မဖြစ်သင့်ဘူးဟု တားဆီးနေကြသည်။ဒါဆိုရင် ဒီဝေဒနာတွေကို ကြိတ်မှိတ်ခံစားဖို့သာရှိတော့သည်။ဒါပေမယ့် နန်းဆက် အဲ့ဒီလိုလည်း မခံစားချင်ဘူး......ပင်ပန်းလွန်းလို့......။
နောက်တစ်ခုက မိမိလုပ်ကိုင်နေသောတာဝန်အရ စာအုပ်ကချစ်ခင်စုံမက်ခြင်းကိုခွင့်မပြုကြောင်း နန်းဆက်သိနေသည်။သက်တန့်ကိုချစ်တယ်လို့ နှလုံးသားက ခံစားမိတိုင်းပြင်းထန်စွာနာကျင်လာရတာ အကြိမ်ပေါင်းမနည်းတော့ပါ။ဤမျှအထိ ဝေဒနာတွေခံစားပြီး သက်တန့်ကိုချစ်သင့်ပါသလား။

YOU ARE READING
ပိုင်ဆိုင်ခွင့်ပြုပါ သက်တန့်မျှော်စင်💛
Fantasyနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...