Chapter(43)💛

63 5 0
                                    

"မင်းကခေါင်းသိပ်မာတာပဲနန်းဆက်။ငါ့ကိုစိတ်ရှုပ်အောင်မလုပ်စမ်းပါနဲ့"

"ပါးစပ်ပိတ်ထားစမ်းပါဇိန်း။မင်းဘာလဲဆိုတာ ငါတို့နှစ်ယောက်လုံးသိနေတာပဲ။မင်းကို ငါဘာလုပ်ပစ်နိုင်သလဲဆိုတာတွေးထားစမ်းပါ"

"အခုလောလောဆယ်တော့ငါမြင်နေရတာက မင်းငါ့ကိုဘာမှမလုပ်နိုင်ဘူးဆိုတာပဲ နန်းဆက်။မင်းရဲ့ကျန်းမာရေးက သိပ်မကောင်းဘူးမို့လား။ငါရဲ့စွမ်းအားကို မင်းမယှဉ်နိုင်ပါဘူး"

"မထင်ပါနဲ့။မင်းကိုငါရဲ့လက်နဲ့ဖျက်ဆီးပစ်မှာ"

"မင်းရဲ့လဲလှယ်ထားတဲ့ကျောက်ကပ်ကိုဂရုစိုက်သင့်တယ်နော်။‌နောက်တစ်ခေါက်ဆိုရင်အသက်အန္တရာယ်ရှိနိုင်တယ်။မင်းက လူသားစစ်စစ်တစ်ယောက်လေ။ငါတို့လိုမှမဟုတ်ပဲ။သေသွားနိုင်တယ်နော် နန်းဆက်ထည်ဝါ”

"မင်းသိထားဖို့က ငါဘာကိုမှဂရုမစိုက်တတ်ဘူးဆိုတာပဲ"

"ထားပါတော့။မင်းရဲ့ဆန္ဒက ဘယ်လိုပဲဖြစ်နေပါစေ။အခုလောလောဆယ် ငါ့ကိုတစ်ခုလောက်ကူညီစမ်းပါ"

ဇိန်းကနန်းဆက်အနီးသို့ကပ်လာခဲ့သည်။ထို‌နောက် နန်းဆက်ခံစားမိလိုက်သောအရာသည် မိမိရဲ့ဝမ်းဗိုက်ကိုလာ၍ထိသောအေး‌စက်စက်အထိ‌အတွေ့ဖြစ်သည်။ထိုအေးစက်သောအထိအတွေ့က ဇိန်းလက်ထဲရှိဓါးတစ်‌ချောင်းဖြစ်နေခဲ့သောအခါ.......။

ဇိန်းကနန်းဆက်ကို မထီမဲ့မြင်ကြည့်ရင်း ဓါးနှင့်ထိုးစိုက်လိုက်သည်။မထင်မှတ်ထားသောအခြေအနေကြောင့်တားဆီးနိုင်ခြင်းမရှိပဲ နန်းဆက်ခံစားလိုက်ရသည်။ထို့နောက် ဆက်လက်၍စဉ်းစားမိတာက ဇိန်းထံတွင်မိမိကိုအန္တရာယ်ပြုနိုင်လောက်သောအစွမ်းများဘယ်အချိန်က ရရှိသွားခဲ့ပါသလဲဟု.....။ဇိန်းကကျေနပ်စွာပြုံးလိုက်ရင်း ဤသို့ပြောသည်။

"မင်းရဲ့အခြေအနေအကြောင်း သက်တန့်ကို ဖုန်းခေါ်ပြီးပြောပြလိုက်စမ်းပါ။သက်တန့်ဒီနေရာကိုရောက်လာတာငါလိုချင်တယ်"

"သက်တန့်ကိုငါဘာမှပြောမှာမဟုတ်ဘူးဇိန်း"

"မင်းပြောရလိမ့်မယ်။အခုချက်ချင်း သက်တန့်ကိုဖုန်းခေါ်လိုက် နန်းဆက်"

သက်တန့်မျှော်စင်💛Where stories live. Discover now