Chapter(10)💛

206 10 0
                                    

ဝေဒနာမှသက်သာသွားသောအခါ နန်းဆက်က သူမ၏လုပ်နေကျလုပ်ငန်းစဉ်များကိုပြန်လည်စတင်ခဲ့ပြန်သည်။

"ဒီနေ့တော့ မင်းကိုကိုယ်က အမှောင်ထုနဲ့ တွေ့ပေးမယ်"

နန်းဆက်က ထိုသို့ပြော၍ သက်တန့်ကို အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။နန်းဆက်ခေါ်သွားခဲ့သော အခန်းကိုဝေ့ဝဲကြည့်၍ သက်တန့်က ဤသို့ မှတ်ချက်ပြုမိသည်။

"ဒီနေရာက မှောင်လွန်းတယ် နန်းဆက်"

"အဲ့ဒါက မင်းလိုအပ်နေတဲ့ အရာပဲလေ"

"ဒီလောက်မှောင်မိုက်နေတာ ဘယ်လိုပုံဆွဲလို့ရမလဲ နန်းဆက်"

"မင်း မြင်နိုင်မယ့်အလင်းရောင်လေးတော့ရှိနေမှာပါ"

နန်းဆက်က ပြောရင်း မီးခလုတ်တစ်ခုကို ဖွင့်ပေးလိုက်သည်။သက်တန့်ပုံဆွဲမည့်နေရာတွင်အလုပ်လုပ်လို့ရရုံ အလင်းရောင်လေးပေါ်လာခဲ့၏။

"အလုပ်စလုပ်တော့ ကလေးမ။ဒီအမှောင်ထဲမှာ ကြာကြာနေချင်မယ်မထင်ဘူး"

နန်းဆက်မရှိတော့သောအခါ သက်တန့်တစ်ယောက်ထဲ အမှောင်ထုထဲတွင်အားတင်းရင်း ပုံဆွဲနိုင်ဖို့ကြိုးစားလိုက်သည်။သက်တန့်၏စိတ်ထဲတွင် နန်းဆက်၏ နှိပ်စက်မှုများကို ငြင်းဆန်လိုစိတ်မရှိတော့ခြင်းက ထူးဆန်းနေခဲ့၏။

သူမနှင့်အတူရှိသောနေ့ရက်များကြာမြင့်လာသဖြင့် ၎င်းနှိပ်စက်မှုများကို သက်တန့် နေသားကျလာတာ ဖြစ်ကောင်း‌ဖြစ်နိုင်သည်။ယခုလည်း သက်တန့်မနှစ်သက်သည့်အရာကို နန်းဆက် စေခိုင်းနေခဲ့သော်လည်း သူမအပေါ်တွင် သက်တန့်ကဒေါသထွက်မလာခဲ့ပါ။နန်းဆက်၏အမိန့်များအတိုင်းဆောင်ရွက်ပေးဖို့ သက်တန့်ဆန္ဒရှိနေပါ၏။

သို့သော် အမှောင်ထုကို သက်တန့်မနှစ်သက်ပါ။သက်တန့်၏စိတ်ထဲတွင် တစ်ခုခုကို ကြောက်ရွံ့နေသလိုခံစားရသည်။ဒါပေမယ့် နန်းဆက်ထည်ဝါအကြောင်း တွေးမိသောအခါ ကြောက်ရွံမှုအားလုံးကို ရင်ဆိုင်ဖို့ သတ္တိတစ်ချို့ဖြစ်တည်လာခဲ့သည်။နန်းဆက်က သက်တန့်အတွက်အင်အားတစ်ချို့ကို ‌ဆောင်ယူလာပေးသူဖြစ်နေခဲ့သောအခါ သက်တန့်၏ ကြိုးစားမှုများမြန်ဆန်လာခဲ့သည်။သက်တန့်၏ ပန်းချီကားများကိုကြည့်၍ နန်းဆက်က

သက်တန့်မျှော်စင်💛Where stories live. Discover now