သက်တန့်ရဲ့ခေါင်းထဲတွင်ရုတ်တရက်မိုက်ခနဲဖြစ်သွားသောကြောင့်စားပွဲကိုလက်ဖြင့်ထောက်ရင်း မိမိကိုယ်ကိုထိန်းသိမ်းလိုက်သည်။သက်တန့်ရဲ့ခံစားချက်တစ်ချို့ လေးလံလာသလိုခံစားလိုက်ရသည်။ထို့နောက် အိမ်မက်မက်သလိုမျိုး ပုံရိပ်တွေက နီးလာလိုက်၊ဝေးသွားလိုက်ဖြင့် သက်တန့်ကိုတစ်နေရာရာသို့ဆောင်ယူသွားသလိုခံစားလိုက်ရသည်။
သက်တန့်၏ကိုယ်ထဲမှတစ်စုံတစ်ရာသည် ပျောက်ကွယ်သွားသလိုခံစားရသည်။သက်တန့်သည် လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခုကိုလွှတ်ချလိုက်ရသကဲ့သို့ ခံစားရသည်။သက်တန့်ခံစားရသောထိုဖြစ်စဉ်သည် ခဏတာသာဖြစ်သည်။
အရာရာသည် ဘာမှမဖြစ်ခဲ့သလိုပြန်လည်ငြိမ်သက်သွားသောအခါ သက်တန့် စဉ်းစားရခက်သွားခဲ့သည်။ပို၍ထူးဆန်းတာက ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဘာကိုမှစဉ်းစားလို့မရတော့ခြင်းဖြစ်သည်။စဉ်းစားမရသည့်အရာကို ဒီအတိုင်းလေးပဲထားလိုက်ဖို့ သက်တန့်တွေးမိသည်။အခုလက်ရှိမှာ သက်တန့်တွေးဖို့လိုနေသည့်တစ်ခုထဲသောအရာက နန်းဆက်ဖြစ်သည်လေ။
နန်းဆက်ဖုန်းပြောပြီးသည့်အချိန်နှင့်ကွက်တိ သက်တန့်ရောက်လာခဲ့သည်။ဖုန်းပြောနေခြင်းကိုမသိစေရန် သက်တန့်မမြင်အောင် ဖုန်းကိုချထားလိုက်သည်။
"ရပြီနန်းဆက်"
"ကျေးဇူး.....ကလေးမ"
နန်းဆက်က သက်တန့်လှမ်းပေးတာကိုယူလိုက်သည်။ဇွန်းကိုယူလိုက်ချိန်၌ နန်းဆက်က သူမ၏ရင်ဘတ်ကိုဖိလိုက်သဖြင့် ကိုယ်တိုင်ကိုင်တွယ်စားသောက်ဖို့ ခက်ခဲနေကြောင်း သက်တန့်သတိပြုမိလိုက်သည်။
"သက်တန့် ခွံ့ကျွေးမယ်။ရှင်သက်သာအောင်..."
"အလိုက်သိလွန်းတာပဲ"
"စကားမများစမ်းပါနဲ့နန်းဆက်ရယ်။သက်တန့်ခွံ့ကျွေးတာကိုလိမ်လိမ်မာမာစားစမ်းပါ။သိပ်စကားများလွန်းတယ်"
"မင်းက ကိုယ့်စကားနဲ့ကိုယ့်ကိုပြန်တိုက်ခိုက်နေတာလား"
"နန်းဆက်...ပါးစပ်ဟ....စားစရာရှိတာစားစမ်းပါ"
YOU ARE READING
သက်တန့်မျှော်စင်💛
Fantasíaနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...