နောက်ဆုံးတွင်သက်တန့်မျှော်လင့်ခဲ့သောပန်းချီပြပွဲကိုပြုလုပ်နိုင်ခဲ့သည်။လူအများက သက်တန့်ကို ချီးကျူးစကားဆိုကြသည်။နန်းဆက်ကတော့ အခန်းထောင့်ရှိနံရံကိုမှီရပ်ရင်း သက်တန့်ကိုခပ်ငေးငေးလေးကြည့်နေခဲ့သည်။
သူမက သက်တန့်အပေါ်တွင်ခံစားချက်တို့ကိုထုတ်ဖော်မပြတတ်သည့်အားလျော်စွာ အမြဲတမ်းခပ်တည်တည်ရှိနေတတ်သည်။သက်တန့်က နန်းဆက်တစ်ယောက်ထဲဖြစ်နေသည့်အတွက် အဖော်လုပ်ပေးဖို့ သူမရဲ့အနားသို့သွားလိုက်သည်။
"ပျင်းနေပြီလား နန်းဆက်"
"ကိုယ်အခုပြန်တော့မှာကလေးမ။မင်းလုပ်စရာရှိတာလုပ်ပါ။ကိုယ့်ကို အားမနာနဲ့"
"အရာရာအတွက်ကျေးဇူးတင်ပါတယ် နန်းဆက်"
"မင်းအဆင်ပြေရင်ပြီးတာပါပဲ"
"ရှင်ကလည်းနော်။သက်တန့်ကို ဘယ်တော့မှလှိုက်လှိုက်လှဲလှဲမရှိဘူး"
"အဲ့ဒီလိုလုပ်ပြဖို့မလိုအပ်ဘူးလို့ထင်တယ် ကလေးမ။ကိုယ့်အတွက် အပိုတွေလုပ်ရတာအဆင်မပြေလို့"
နန်းဆက်၏စကားကြောင့် သက်တန့် စိတ်လေသွားရသည်။နန်းဆက်က ဘာကြောင့်နဲ့မှ စကားအကောင်းပြောဖို့ ဆန္ဒရှိဟန်မတူပါလားဟု သက်တန့်တွေးမိလာသည်။ဒါပေမယ့် အခုလောလောဆယ်နန်းဆက်အနားမှာသက်တန့်ရှိနေချင်သေးသည်။မိမိကို မကြင်နာသောမိန်းမအနားမှာ နေချင်မိသော ကိုယ့်ကိုယ်ကိုလည်း သက်တန့်အံ့ဩမိသည်။
"ကဲပါ။သက်တန့်ကအပိုတွေလုပ်တယ်ပဲထားပါတော့။သက်တန့် ကော်ဖီသောက်ချင်တယ်"
"ဘယ်လို......"
"သက်တန့်ကို ကော်ဖီလိုက်ဝယ်တိုက်လို့"
"မင်းကိုကော်ဖီတိုက်ရမယ်။ဟုတ်လား။တောင်းဆိုရဲလိုက်တာ"
နန်းဆက်ကသက်တန့်ကိုမာမာတင်းတင်းကြည့်ရင်းပြောလိုက်သဖြင့်သက်တန့်မျက်နှာလေးရှိအပြုံးတို့ပျောက်ကွယ်သွားကြသည်။နန်းဆက်ကသက်တန့်၏ပုံစံကိုမဲ့ပြုံးလှလှလေးတစ်ချက်ဖြင့်ကြည့်၍သက်တန့်အနားမှထွက်သွားခဲ့သည်။သက်တန့်က ထိုနေရာတွင်ငြိမ်ငြိမ်လေးကျန်ရစ်ခဲ့သဖြင့်ပြန်လှည့်ကြည့်၍နန်းဆက်ပြောလိုက်သည်။
YOU ARE READING
သက်တန့်မျှော်စင်💛
Fantasíaနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...