Chapter(54)💛

103 4 0
                                    

နန်းဆက်တို့ ထိုနေရာမှထွက်လာပြီးသောအခါလမ်းတွင်လမ်း‌လျှောက်ရင်းသက်တန့်ကနန်းဆက်ကိုဤသို့ပြောလာခဲ့ပါ၏။

"ရှင့်ကိုထိခိုက်အောင်လုပ်မယ့်အရာတွေကို သက်တန့်ခွင့်မပြုနိုင်ဘူး နန်းဆက်"

"ကိုယ်ရင်ဆိုင်နိုင်ပါတယ်ကလေးမရယ်"

"ဒါပေမယ့် အဲ့ဒါရှင့်အတွက်ငရဲတစ်ခုလေ နန်းဆက်"

"အဲ့ဒီငရဲက ကယ်တင်ပေးမယ့်ကလေးမရှိနေတာပဲ။ကိုယ်မကြောက်ပါဘူး"

"ဒါပေမယ့် သက်တန့်ရှင့်ဆီပြန်ရောက်မလာခဲ့ရင်ရော"

"ကိုယ်မင်းကို ယုံကြည်တယ် Honey"

"တကယ်ပဲ သက်တန့်ကိုယုံကြည်သလား နန်းဆက်"

"ဒါပေါ့ Honey။မင်းက ကမ္ဘာပေါ်မှာတစ်ဦးထဲရှိတဲ့ ကိုယ်အမြတ်နိုးရဆုံးနဲ့အယုံကြည်ရဆုံးသူပါပဲ"

သက်တန့်ကိုမြတ်နိုးစုံမက်သောမျက်ဝန်းများဖြင့်ကြည့်နေသည့်နန်းဆက်၏မျက်ဝန်းများသည်ခံစားချက်မျက်ရည်စတစ်ချို့‌ဝေ့ဝဲလျှက်ရှိနေခဲ့၏။ထိုအခြေအနေကိုမျက်တောင်ခတ်၍ထိန်းသိမ်းလိုက်ရင်း နန်းဆက်သည်စကားလမ်းကြောင်းလွှဲဖို့ကြိုးစားလာခဲ့ပါသည်။

"ကိုယ်မင်းကို ဝင်္ကပါသစ်တောရဲ့အနေအထားကိုလိုက်ပြပေးမယ်"

"အခုလား"

"အင်း......သစ်တောထဲမှာကားဘယ်လိုမောင်းရမလဲဆိုတာ ကိုယ်သင်ပေးမလို့"

ထိုအခိုက်တွင် သက်တန့်တို့အနီးသို့ကားတစ်စီးရောက်လာခဲ့ပြီး ထိုကားပေါ်မှလူတစ်ဦးဆင်းလာခဲ့သည်။ထိုလူက နန်းဆက်အနီးသို့လာ၍ကားသော့ကိုပေးလိုက်သည်။ထို့နောက်အရိုအသေပေး၍ထွက်ခွာသွားခဲ့ပါ၏။

"ဒီကားက....."

"အဲ့ဒီသစ်ပင်တွေက သိပ်ပြီးကြမ်းတမ်းတယ် Honey။ဘယ်လိုအရာမှဖြတ်သန်းသွားလို့်မရဘူး။ဒီကားက အဲ့ဒီအရာတွေကိုခံနိုင်ရည်ရှိအောင်ကိုယ်သေချာပြင်ဆင်ထားတာ။လာပါ......လက်တွေ့ပြမယ်။ကားထဲဝင် Honey......"

ဤသို့ဖြင့်သက်တန့်တို့နှစ်ဦးသည် ဝင်္ကပါသစ်တောဆီသို့ရောက်လာခဲ့၏။သက်တန့်တွေ့ရသည့်သစ်ပင်များသည် ကြောက်မက်ဖွယ်ကောင်းသောဆူးများစွာဖြင့်ယိမ်းနွဲ့လှုပ်ရှားနေကြ၏။သူတို့၏ပုံစံသည် ဒေါသကြီးနေသောနတ်ဆိုးတစ်ကောင်၏လက်ချောင်းများကဲ့သို့တုန်လှုပ်ဖွယ်ကောင်းနေ၏။

သက်တန့်မျှော်စင်💛Where stories live. Discover now