အပိုင်း - ၅ ( လူကြီးလူကောင်း )
ဤနှစ်တွင် မိုးဖြိုင်ဖြိုင် ရွာသွန်း၏။ မနှစ်က ဤရာသီချိန်ဆိုလျှင် တောင်ပေါ်၌ ယခုလောက်ထိ စိုစွတ်လျှံပယ်စွာ ရွာသွန်းလာခြင်း မရှိသေးပါ။ ယခုနှစ်ကမူ အနည်းငယ် ထူးဆန်း၏။ လတစ်ဝက်စာကာလထဲ နေသာသည့်နေ့ဟူ၍ နှစ်ရက်သာရှိသေးသည် ။
ရှန်ချင်းရွှမ်းမှာ ဤသို့သောနေ့ရက်မျိုးအား မည်သို့ဖြတ်သန်းရမည်မှန်း သိခဲ့သည်မှာ ကြာပေပြီ။ အိမ်ထဲ ပိတ်လှောင်စွာ နေနေရခြင်းမှာ သူ့အား ဂဏှာမငြိမ် မဖြစ်စေပါေလ။ လေသာပြတင်းနား မိုးတဖြောက်ဖြောက် ကျလာသည့်အသံကိုသာ နားစွင့်ရင်း စိတ်ရှည်မှုများစွာနှင့် တစ်ရက်တစ်ရက် အချိန်ကုန်ဖြစ်စေ၏။
သစ်ရွက်များထက် ထိခတ်သွားသော တဖြောက်ဖြောက် မိုးသံများ၊ တံစက်မြိတ်ထက်မှ တတောက်တောက် ကျဆင်းလာသော မိုးစက်များနှင့် ၊ ဥယျာဉ်ဝန်းထဲရှိ မိုးရေခံမြေအိုးကြီးများထဲ ကျဆင်းနေသည့် မိုးေရများအား သူ၏ အကြားအာရုံဖြင့် တစ်ခုချင်းစီအား နားစွင့်လိုက်ရင်း ၎င်းတို့ကြားက ခြားနားချက်ပါးပါးလေးကို ခွဲခြမ်းစိတ်ဖြာရသည်မှာ စိတ်ဝင်စားစရာကောင်းပါသည်။
ထို့အပြင် မိုးရေကြောင့် ယိမ်းနွဲ့လှုပ်ရှားနေသော ဥယျာဉ်ထဲရှိ စိမ်းစိမ်းစိုစို ပန်းပင်များ၏ ပုံရိပ်ကလည်း သူ့မြင်ကွင်းထဲ လာရောက်ထင်ဟပ်နေလို့။ ပန်းပင်များမှာ မိုးစက်များအား အမိလိုက်ဖမ်းခြင်းအားဖြင့် ဟန်ချက်ပျက်သွားသည့်တိုင် ကျော့ရှင်းတင့်တယ်ေသာ စက္ခုပသာဒနောက်တစ်မျိုး ထွက်ပေါ်လာစေသည်။ ထိုသို့ရှုမျှော်သုံးသပ်နေရင်းနှင့်မှ စိတ်ကူးစိတ်သန်း ပေါ်ပေါက်လာသောအခါ ရှန်ချင်းရွှမ်းက ပုံဆွဲစက္ကူကို ဖြန့်လိုက်ပြီးနောက် ထိုရှုခင်းကို ရေးဆွဲခြယ်မှုန်းလိုက်၏။ မိုးရေစက်တစ်ပေါက်နှစ်ပေါက်ကလည်း ၎င်းအပေါ် တစ်ဖြောက်နှစ်ဖြောက် ကျလာရာ ရှန်ချင်းရွှမ်းမှာ စိတ်ကြည်လင်ရွှင်ပျနေလျက်။
ညနေရောက်သော် ထမင်းစားပြီးသည်နှင့် ရှန်ချင်းရွှမ်းက ဆေးနံ့သင်းသင်းေလး မွှေးနေသည့် ရေနွေးထဲ ရေသွားစိမ်ဖြစ်ရာ ၊ မျက်ခွံက အားအင်လျော့ပါးစွာ မှိတ်ကျလာတော့မှ သူ့အား ကုတင်ပေါ် သွားတင်ေပးပါရန် လာရောက်ကူညီပေးဖို့ အစေခံများအား ခေါင်းလောင်းလှုပ်ခတ်ခြင်းဖြင့် အသံပေးလိုက်၏။
YOU ARE READING
သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ
RomanceTotal : 96 Chapters + 8 Extras A touching love story between a mortal and a snake Yao where their entanglement lasted for three lifetimes.