အပိုင်း - ၁၆ ( လှည့်စားခံရခြင်း )

1.2K 165 4
                                    

အပိုင်း - ၁၆ ( လှည့်စားခံရခြင်း )

ရီးမော့ ထွက်သွားသည်နှင့် သူ သုံးခဲ့သော မန္တာန်၏ အာနိသင်ကလည်း အလိုလို လွင့်ပြယ်သွားသည်။ ရှန်ချင်းရွှမ်းမှာ ပြတင်းပေါက်အကာမှတစ်ဆင့် ဝင်ရောက်လာသော ၊ မြောက်များသော်ငြား ဝေးကွာလှ‌ေသးသည့် ခြေသံများကို ခပ်သဲ့သဲ့ ကြားနေရ၏။ အနီရောင်မီးပုံးများကလည်း စင်္ကြံလမ်းတစ်လျှောက် လိုက်ပါလှုပ်ယိမ်းနေကာ သူ၏ခြံဝန်းနား ချဉ်းကပ်လာကြလေ၏။

ပူပူနွေးနွေး လက်ထပ်ယူထားသည့် သူ၏ ကိုယ်လုပ်ဇနီးမှာ အိပ်ရာ၌ တိတ်ဆိတ်စွာ နိုးကြားနေလျက်။

ညဉ့်အတော်နက်နေချေပြီ။ သို့သော် ယနေ့ညမှာတော့ သူ လုပ်ဆောင်စရာကိစ္စ များနေသေးကြောင်း ရှန်ချင်းရွှမ်း သိနေ၏။

ပထမဦးစွာ ၊ သူ့အတွက် ထိုအေးစက်သည့်မြွေဆိုးကြီး ချန်ထားသည့် အရှုပ်အထွေးအား သွားရှင်းရမည် ။

ထိုသို့တွေးမိသောအခါ ရှန်ချင်းရွှမ်း စိတ်မဆိုးမိဘဲ မနေနိုင်ပါ။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကလည်း ဤမြွေကြီးက သူ့သဘောနှင့်သူ သူ့နှုန်းနှင့်သူ လှုပ်ရှားသွားလာရသည်ကို လွန်စွာမှပင် နေသားကျနေပါသလော။ ဤသို့သာဆိုလျှင် သူ့အလုပ်ကု ကျွမ်းကျင်စွာ လုပ်နေသော်ငြား ယဉ်ကျေးသည့် ဧည့်ကြိုစကားတစ်ခွန်းပင် မပြောသည့်ဆိုင်ရှင်ဈေးသည်များနှင့် တူနေသည်ပင်။

သို့သော် "ယဉ်ကျေးသော"ဆိုသည့် စကားလုံးအကြောင်း တွေးမိတော့ ရှန်ချင်းရွှမ်းမှာ အလိုအလျောက်ပင် ထို"လက်ဆောင်"ကို အမှတ်ရသွားလေရာ မျက်နှာကြီး ချက်ချင်းမည်း‌မှောင်သွား၏။ စားပွဲပေါ်ရှိ ထိုဘူးအား ထိုမျက်နှာမည်းကြီးနှင့်ပင် အတန်ကြာကြည့်ပြီးမှ ထိုအရာအား ယူလိုက်ကာ ထို‌ေသွးပုလဲအား ၎င်းထဲ ထည့်သိမ်းလိုက်၏။

ထို့နောက် မျက်တောင်တစ်ခတ်အတွင်း ဣန္ဒြေပြန်ဆည်နိုင်လိုက်ကာ ညစ်ညမ်းသောထိုပစ္စည်းများ တစ်ခါမျှ ဖြစ်မသွားဖူးသည့်အလား။

ရွီမင်ရှစ် သတိပြန်လည်လာ၏။ အမြင်အာရုံများ ဝေဝါးမှုန်ရီ‌ေနကာ နောက်စေ့မှလည်း ပူစပ်ထုံကျဉ်သော ဝေဒနာတစ်ခု ကိုက်ခဲနေခဲ့သည်။ သူ၏ အတွေးစများကလည်း ရှုပ်‌ေထွးနေလို့။ ထိုစဉ် သူ့အား မေးမြန်းလာသည့်အလား ရင်းနှီးသော အသံတစ်ခုအား ကြားလိုက်ရ‌ေပ၏။

သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ Where stories live. Discover now