အပိုင်း - ၈ ( ရေပူစမ်း )
အဝေးရှိ မိုးကုပ်စက်ဝိုင်းမှာ တစ်နေ့တာ၏ အရုဏ်ဦးအလင်းရောင်ဖြင့် ရွှေရောင်အသွင် လင်းလက်နေ၏။
ရေပူစမ်းမှာ တောင်ထိပ်ပေါ်တွင် တည်ရှိေလရာ မိုးကုပ်စက်ဝိုင်းမှ အရုဏ်ဦးထွက်လာသည်နှင့် ဤရေပူစမ်းပေါ် ဖြာကျလွှမ်းခြုံ၏။
ရှန်ချင်းရွှမ်းမှာ သူ့ကို စွမ်းအားတစ်ခုက ရစ်သိုင်းပွေ့ဖက်ထားကာ ထိုစွမ်းအားကပင် သူ့အား ရေထဲ နစ်မသွားစေဘဲ ရေမျက်နှာပြင်၌ အလိုက်သင့် ေပါ်နေစေသည်ဟု ခံစားရ၏။
သဘာဝအတိုင်းဖြစ်တည်သော ရေပူစမ်းထဲ ရေလာစိမ်ရသည့် အတွေ့အကြုံမှာ ကျဉ်းကျပ်သေးငယ်သော ရေစည်ပိုင်းထဲ စိမ်ရသည်နှင့် မိုးနှင့်မြေပမာ ကွာခြား၏။ ရှန်ချင်းချိုးမှာ ထိုအတိုင်း စိမ်နေရင်းနှင့်မှ အတော်လေး နေ၍ကောင်းသောကြောင့် အားရကျေနပ်စွာ ပင့်သက်ရှိုက်ထုတ်လိုက်သည်။
ခဏအကြာ ရီးမော့သည်လည်း အဝတ်အစားချွတ်ကာ ရေပူစမ်းထဲ ဝင်လာ၏။
ရေလှိုင်းဂယက်များ လှုပ်ခတ်သွားသည်။
ရှန်ချင်းရွှမ်းဘက်မှ မျက်လုံးဖွင့်ကြည့်သောအခါ ရှည်လျားေသာဆံနွယ်များအား ဖြန့်ချထားသည့် ထိုယောက်ျားက ရေထဲသို့ ဆင်းသက်လာပြီး သူ့ဆီ ဖြည်းဖြည်းချင်းစီ ချဉ်းကပ်လာကြောင်း တွေ့လိုက်ရ၏။ အရပ်မျက်နှာအနှံ့ ရစ်သိုင်းကွေ့ပတ်နေသော ကန့်နံ့များကြား အေးမြသန့်ရှင်းသော ရနံ့တစ်ခုက သူ၏လက်တစ်ကမ်းအကွာ လေထုထဲ ရောနှောစွက်ဖက်လာပေ၏။
ရှန်ချင်းရွှမ်းမှာ တစ်ခုခုပြောလိုသည့်နှယ် နှုတ်ခမ်းလွှာများ ပွင့်ဟလာေသာ်ငြား မိမိဘက်မှ အသံမထွက်နိုင်မှန်း အမှတ်ရသွားသည်။ ဘေးနားတွင်လည်း စုတ်တံနှင့်စာရွက်မရှိသောကြောင့် မိမိတို့နှစ်ယောက် စကားမပြောနိုင်ကြတော့ပါလေ။
အတန်ကြာ မတွေ့ခဲ့ရသည်ကို ယခု မျက်နှာချင်းဆိုင် ပြန်လည်ေတွ့ဆုံရခါမှ စကားအပြန်အလှန်မပြောနိုင်ကြပါတကား။ ထိုအတွေးမှာ ရှန်ချင်းရွှမ်း၏ စိတ်ကို နောက်ကျိညစ်ညူးသွားေစကာ မျက်နှာကိုပါ ဝမ်းနည်းရိပ်များဖြင့် ညှိုးရော်သွားစေ၏။
YOU ARE READING
သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ
RomanceTotal : 96 Chapters + 8 Extras A touching love story between a mortal and a snake Yao where their entanglement lasted for three lifetimes.