အပိုင်း - ၁၄ ( အောင်သွယ် )

1.2K 170 13
                                    

အပိုင်း - ၁၄ ( အောင်သွယ် )

ယနေ့ညမှာ ပထမဆုံးအကြိမ် ချစ်တင်းနှောကြသောည ဖြစ်၏။ 

အခြားသူများသာဆိုလျှင် မခံမရပ်နိုင်အောင်  နွမ်းလျကာ စောင်ခြုံလျက်သား အိပ်မောကျသွားလောက်ပေမည်ဖြစ်သော်ငြား ရှန်ချင်းရွှမ်းမှာ စိတ်ကို ပေါ့ပေါ့ပါးပါး မထားတတ်ဘဲ အမြဲတစေ အတွေးများတတ်သူ ဖြစ်၏။ ယခင်တုန်းကဆိုလျှင်လည်း စိတ်ကို ငြိမ်သက်စေသည့် အိပ်ဆေးခါးခါး မှီဝဲ‌ေသာက်သုံးလိုက်သည့်တိုင် သူ အိပ်မပျော်နိုင်ပါ။ ယနေ့ညတွင် မျက်လုံးမဖွင့်နိုင်တော့လောက်အောင် စိတ်ရောကိုယ်ပါ နွမ်းလျပင်ပန်းနေသော်ငြား ရှန်ချင်းရွှမ်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မ‌ေပျာ်နိုင်ဘဲ တစ်ညလုံး ထူးထူးဆန်းဆန်းအိပ်မက်များ မြင်မက်‌ေနခဲ့၏။

အိပ်မက်ထဲတွင် မိမိမှာ လိုက်ဖမ်းခံနေရသည်။ မည်သည့်အမျိုးအစားမှန်းမသိရ‌ေသာ မကောင်းဆိုးဝါးများက လိုက်လံဖမ်းဆီးနေသည်ဟု မက်၏။ ၎င်းတို့က ချွန်မြသော လက်နက်များကိုပါ ကိုင်ထားကာ သူ့အား သတ်ဖြတ်ရန် အပြေးလိုက်လာကြသည်။ သို့သော် အိပ်မက်ထဲတွင်မူ သူ၏ လှုပ်ရှားမှုများက လျင်မြန်ဖျတ်လတ်ကာ အစွမ်းကုန်ပြေးလွှား၍လည်း ရနေ၏။ ထို့ကြောင့် ရှန်ချင်းရွှမ်းမှာ သူ့ခြေထောက် ပြန်ကောင်း‌ေနသည်ကိုသာ အရူးအမူး ပျော်မြူးနေရာ သူ့အားသတ်ချင်သည့် မကောင်းဆိုးဝါးများ ရှိမှန်းကိုပင် သိပ်မမှုတော့ပါ‌ေချ။

သို့သော် သူ အပျော်ကြီး‌ေပျာ်နေစဉ်မှာပင် မြင်ကွင်းက ရုတ်ချည်း ပြောင်းလဲသွားကာ ငယ်စဉ်ကတည်းက တွေ့ဖူးသော ရေခဲဂူကြီးထဲ မည်သို့ပြန်ရောက်လာမှန်း မသိလိုက်ရပါ။ ဘေးပတ်ပတ်လည်တွင် အရိုးခိုက်စေလောက်အောင် အေးစိမ့်သည့် ရေခဲများ ရှိနေကာ သူ့လက်နှစ်ဖက်က ရေခဲစိုင်တစ်ခုအပေါ် ဆုပ်ကိုင်ထားရပြီး အသားများပါ ထိုရေခဲနှင့် ကပ်နေလို့။ ရေခဲနှင့်ကပ်နေသော သွေးစိမ့်ထွက်နေသည့် ထိုအရေပြားကိုသာ အားကိုးခြင်းအားဖြင့် သူ့တစ်ကိုယ်လုံးအား ရေခဲချောက်ထဲ ကျရောက်မသွားအောင် အားစိုက်ဖက်တွယ်ထားရသည်။

သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ Where stories live. Discover now