အပိုင်း - ၃၂ ( ကျန်ရစ်သူ )
နှစ်လရာသီမှာ အလီလီအခါခါ ရွေ့လျောသွားခဲ့၏။ အမှန်အတိုင်းဆိုရလျှင် တစ်နှစ်တာဟူသော အချိန်ကာလမှာ ယခင်နှစ်များနှင့် မည်သို့မှ မကွာခြားပါ။ ရီးမော့ထံမှ ထင်မြင်ချက် တောင်းခံကြည့်သောအခါတွင်လည်း အတွေးချင်း တူညီနေခဲ့သည်။ မိမိတို့မှာ အရင်အတိုင်း မပြောင်းမလဲ အတူဆက်ရှိနေမြဲဖြစ်ခဲ့ကာ ရံဖန်ရံခါ အနေဝေးလျက် ရံဖန်ရံခါ နှစ်ရက်သုံးရက်မျှ ခွဲခွာရတတ်၏။ ရံဖန်ရံခါ ငါးရက် ၊ တစ်လ သို့မဟုတ် နှစ်လမျှလည်း ကြာတတ်ကာ ထို့ထက်ပို၍တော့ ကြာမြင့်စွာ မခွဲခွာရပါ။ ခေတ္တမျှ ခွဲခွာပြီးတိုင်း ရီးမော့က ရှန်မျိုးရိုးစံအိမ်၏ တောင်ဘက်ခြံဝန်းရှိ နန်မုသစ်အိမ်ငယ်လေးဆီ လာတတ်သည်။ ညရောက်သောအခါ ဆံနွယ်များ ဖြေချထားသော လုလင်ပျိုတစ်ယောက်အား ဖက်ထားတတ်ကာ ထိုလုလင်ပျိုက သူ့အား လက်ထပ်ခွင့်တောင်းတတ်၏။
နေ့တာရော ညတာပါ ငြိမ်သက်သောရေပြင်ပမာ တိတ်ဆိတ်နှေးကွေးစွာ ဖြတ်သန်းစီးဆင်းသွားလို့။ ထိုရေပြင်အောက်တွင်မူ တစ်စုံတစ်ခုရှိနေကာ မျက်ဝန်းထောင့်မှတစ်ဆင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ရှန်ချင်းရွှမ်း နားလည်လိုက်၏။ နှေးကွေးစွာ ရွေ့လျားနေသော အချိန်ထဲ သူ့ဘေးနား၌နေကာ တက်ကြွမြူးတူးစွာ ကစားေနတတ်သော ကလေးငယ်က လျင်မြန်စွာ ကြီးပြင်းလာခဲ့ပေသည်။သူ့ဘေးနား ရှောင်ပေါ် လာရပ်သောအခါ သူ့ပခုံးထက်ပင် အရပ်မြင့်နေပြီဖြစ်၏။
ရှန်မျိုးရိုးကိစ္စအား စီစဉ်ခန့်ခွဲပြီးသွားသည်နှင့် ရှန်ချင်းရွှမ်းက ရေနွေးအိတ်ထဲ လက်လျှိုထည့်လိုက်ကာ သူ့စံအိမ်ဝန်းဆီ ပြန်သွားလိုက်သည်။ ရှောင်ပေါင်မှာမူ အခန်းထဲ စာအံနေကာ အိမ်ပြင်ထိတိုင် သူ့စာအံသံအား ကြည်လင်ပြတ်သားစွာ ကြားေနရေပ၏။ ရှန်ချင်းရွှမ်းလည်း တံခါးပြန်ပိတ်လိုက်ကာ ရေနွေးအိတ်ကို ချလိုက်သည်။ ထို့နောက် အပြင်ဝတ်ရုံအား အစေခံမလေးတစ်ယောက်ဆီ ပေးလိုက်၏။ ထို့နောက် ရှောင်ပေါင်၏ ခေါင်းကို ပွတ်သပ်လိုက်ကာ တိုးလျသိမ်မွေ့စွာ ဆိုလာသည်။
"မင်းရဲ့ အဖေရော"
"အေမွှးအိုးနား စာဖတ်နေတယ်ခင်ဗျ။ ဒါပေမယ့် သားအထင် သူ အိပ်ပျော်သွားလောက်ပြီရယ်"
YOU ARE READING
သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ
RomanceTotal : 96 Chapters + 8 Extras A touching love story between a mortal and a snake Yao where their entanglement lasted for three lifetimes.