အပိုင်း - ၆ ( ဆောင်းဦးလယ်ပွဲတော် )

1.2K 190 7
                                    


အပိုင်း - ၆ ( ဆောင်းဦးလယ်ပွဲတော် )

နောက်တစ်နေ့တွင် မိုးတိတ်သွားကာ ကောင်းကင်ပြာလည်း ကြည်လင်လာ၏။

မိုးသက်လေပြင်း၏ သန့်စင်ဆေးကြောပေးခြင်းအား ရက်ပေါင်းများစွာ ခံယူခဲ့ပြီးသည့်နောက် ဥယျာဉ်ထဲရှိ ညှိုးရော်သွားသော ပန်းပင်များထံမှ ပိုမိုစိမ်းလန်းသော ရွယ်သစ်များ ဦးမော့ဝင့်ကြွားလာ၏။ စိမ်းမြမြရွက်နုများကြား မပွင့်သေးသော အဖူးအငုံလေးများပါ ရှိနေလျက်။ ‌မှန်းဆရပါလျှင် နောက်သုံးလေးငါးရက်အကြာ၌ ပန်းပွင့်များ အပြည့်ဖူးပွင့်နေလောက်ပေမည်။

ရှန်ချင်းရွှမ်းမှာ ဥယျာဉ်ထဲထိုင်ရင်း အဝေးတစ်နေရာသို့ မျှော်ကြည့်နေကာ လေပြေနှင့် အတူပါလာသော မြေသင်းနံ့ကိုပါ ခံယူ‌ေနလို့။ မိုးရေကြောင့် မှုန်မှိုင်းအုံ့ဆိုင်းနေသော မြိုင်ရဂုံမှာ ယခု‌တွင်တော့ ကျောက်စိမ်းရတနာပမာ ရွှန်းလဲ့စိမ်းမြနေပေ၏။

ရှန်ချင်းရွှမ်းမှာ ထိုနေရာတွင် မွန်းလွဲချိန်ထိ ဆက်ထိုင်ဖြစ်၏။ မွန်းလွဲချိန်တွင်မူ နေမင်းကြီးက ရှိသမျှအပူချိန် အကုန်ထုတ်လွှတ်လိုသည့်အလား အရှိန်ပြင်းပြင်း လင်းထိန်နေကာ လူအများအား ချွေးတလုံးလုံးဖြစ်စေ၏။ ထိုရက်ပိုင်းတလျှောက်လုံး ထိုအတိုင်း ပူပြင်း‌ေလာင်မြိုက်နေခဲ့ကာ မြိုင်ရဂုံထဲရှိ ကျေးငှက်သာရကာများသည်ပင် အားအင်ချည့်နဲ့ကာ နေပူရှိန်ကြောင့် နွမ်းလျပင်ပန်းကြကုန်၏။

ရှန်ချင်းရွှမ်းမှာ လင်းထိန်နေသော ကောင်းကင်ပြင်အား မျက်စိမှေးရင်း သေချာကြည့်လိုက်သည်။ သို့သော် စူးရှလှသော အလင်းတန်းများက မျက်စိကျိန်းစေသည်မို့ ချက်ချင်းပင်  မျက်လုံးပြန်မှိတ်ချလိုက်ကာ ရောက်တတ်ရာရာ‌ လျှောက်တွေးမိလို့။

ဟိုမိစ္ဆာအိုကြီး ထွက်သွား‌ေတာ့ နေလုံးကြီးကလည်း ရဲရဲတင်းတင်း ထွက်လာရဲလိုက်တာ....။

ထိုအတိုင်း တွေးတုန်းကတွေးပြီး ရှန်ချင်းရွှမ်းမှာ ယခုမှ ရယ်ချင်သွားသည်။ ထို့နောက် အသံမဲ့သက်ပြင်းတစ်ခု ရှိုက်ထုတ်လိုက်ရင်း ကုလားထိုင်ထက် ကျောမှီလိုက်၏။

သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ Where stories live. Discover now