ဒုတိယတွဲ ၊ အပိုင်း - ၁၁

1K 154 9
                                    

ဒုတိယတွဲ ၊ အပိုင်း - ၁၁

ညချမ်းချိန်ခါမှာ သီတာရေအလျဉ်ပမာ အေးမြလှသည်။ ပြတင်းတံခါးမှ တဖြူးဖြူး တိုက်ခတ်ဝင်ရောက်လာသည့် လေသံကိုလည်း ကြားနေရကာ ၎င်းမှ မွှေနှောက်သယ်‌‌ေဆာင်လိုက်သော ဖုန်မှုန့်များမှာ အိပ်ရာခန်းဆီးတွင် လာရောက်တွဲခိုခဲ့ပြီး ခဏအကြာ ပြန်လွှင့်ထွက်သွား၏။

တစ်ခုခုကို ခံစားသိရှိလိုက်ရသည့်အလား ကျီ့ကျိုက ခန်းဆီးစကို ဖွင့်လိုက်၏။ သို့သော် သူ စောင့်ပြီးရင်းစောင့်နေသည့်တိုင် တစ်ခန်းလုံး တိတ်ဆိတ်နေကာ လေသံမှလွဲ အခြားအသံ မရှိပါ။ နက်မှောင်သော ညဥ့်လယ်ခေါင်တွင် လေပြေကလည်း အေးစိမ့်ကာ အလင်းရောင်လည်း ကျဲပါးသည်။ ဤသို့သော ဝန်းကျင်ထုထဲ ရိုးရှင်းလှသော ဤစာကြည့်ခန်းမှာ ရုတ်ချည်း တိတ်ဆိတ်ကာ အထီးကျန်သွားသည့်နှယ်။

သူ့ဘဝထဲမှ မနည်းဖဲ့ယူလာခဲ့သော အနားယူချိန်တစ်လအား သူ့မိသားစုနှင့်အတူ ဖြတ်သန်း‌ေနသင့်သည်။ သို့သော် အိမ်ပြန်ရောက်လာပြီး ပထမရက်တွင်ပင် သူ့ရင်ခွင်ထဲရှိ ဇနီးအစား အိပ်ရာ‌ထဲက သူ၏ ကိုယ်ပိုင်မျက်မှာလို ပြေးမြင်‌ေနခဲ့၏။ တစ်စုံတစ်ယောက်ထံမှ စိုးမိုးသိမ်းပိုက်ခံနေရသော၊ ပြေး၍ မလွတ်နိုင်သော သူ့ကိုယ်သူကို ပြန်မြင်နေရ၏။ ထို့ကြောင့် ကျီ့ကျိုမှာ အံကြိတ်လိုက်ကာ အမြန်ပြီးအောင်သာ လက်စသတ်လိုက်သည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး အခန်းထဲမှ  ပြန်ထွက်လာခဲ့ရ၏။

ယခုအချိန်တွင် အညတရဆန်လှသော ဤမိသားစုအသိုက်အမြုံ၏ ပျော်ရွှင်ချမ်း‌ေမ့မှုသည်ပင် သူနှင့် လားလားမှ မသက်ဆိုင်တော့။ သူ ဝန်မခံချင်သော်ငြား ထိုမိစ္ဆာက သူ့အပေါ် ဖယ်ရှား၍မရနိုင်အောင် သက်ရောက်မှုကြီးစွာ လွှမ်းမိုးနေခဲ့ပြီဖြစ်သည်။ ထိုသူမှာ အမာရွတ်ဟောင်းနှင့်တူကာ အနာကျက်ပြီးသည့်တိုင် အရာ ထင်ကျန်၏။ လွန်စွာမှလည်း အကျည်းတန်လှ၏။

ကျီ့ကျို မတ်တတ်ရပ်လိုက်ကာ ဝတ်ရုံရှည်တစ်ခု လွှမ်းခြုံရင်း ညောင်စောင်းထက် ထိုင်လိုက်သည်။ အခန်းထဲသို့ ငွေလရောင် ဖြာကျနေလျက် ထိုညောင်စောင်းရှေ့၌ ကန်ရေပြင်ပမာ ကြည်လင်ပြီး ဗလာကျင်းစွာ ခဆင်းနေလို့။ ကျီ့ကျို ခေတ္တမျှ ငေးကြည့်နေပြီးနောက် အပြင်သို့ လျှောက်လှမ်းလာခဲ့လိုက်သည်။

သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ Where stories live. Discover now