ဒုတိယတွဲ ၊ အပိုင်း - ၄

963 128 7
                                    

ဒုတိယတွဲ ၊ အပိုင်း - ၄

ထိုသူ ပျောက်သွားချေပြီ။ ဝန်းကျင်ထုမှာလည်း အတော်လေး ပေါ့ပါးသွားဟန်ရကာ လေပြေသွဲ့သွဲ့တစ်ဖြတ်လည်း တိုက်ခတ်လာပေ၏။

သို့သော် ထိုသူ ထွက်သွားမှန်း သိ‌ေနသည့်တိုင် ကျီ့ကျိုမှာ ရတက်မအေးနိုင်‌ေသးဘဲ ဘာဆက်လုပ်ရမည်မှန်းမသိ ပိုပြီးတွေဝေသွား၏။ ဤအခြေအနေကို သူ ထိန်းချုပ်စီမံ၍ မရခဲ့။ ကျီ့ကျိုမှာ မြင့်မားသော ရာထူးဌာနထဲ အနေကြာခဲ့သဖြင့် ကိစ္စအတော်များများအား ထိန်းချုပ်ရခြင်းထဲ နေသားပိုကျ၏။ သူ အမုန်းဆုံးသောအရာကလည်း တွေ့ကြုံရသော အခြေအနေအကြောင်း ဘာဆိုဘာမှ မသိခြငးဖြစ်ရာ ယခုတွင်မူ ဆိုးရွားလှသော အဖြစ်သနစ်က သူ့အပေါ် ရုတ်ချည်းဖြစ်ပွားလာပြီး စိတ်ရောကိုယ်ပါ ခံရခက်စေ၏။

ကျီ့ကျိုမှာ ထိုနေရာတွင်သာ အကြာကြီး ‌ထိုင်နေသည်။ ထိုသူ တကယ်ထွက်သွားမှန်း သေချာပြီးမှ မတ်တတ်ပြန်ရပ်လိုက်ရာ ရပ်လိုက်စဉ်မှာပင် ဒယိမ်းဒယိုင်ဖြစ်သွားလို့။ သေချာမတ်တတ်ရပ်နိုင်သည်နှင့် သူ့မျက်နှာထက် ခံစားချက်များစွာ ချက်ချင်း သေဆုံးသွားကာ ကြမ်းပြင်ပေါ်ရှိ သွေးကွက်ကို ဓားသွားပမာထက်ရှသော အကြည့်များဖြင့် စိတ်တိုစွာ ငုံ့ကြည့်လာသည်။

တစ်ဖက်လူမှာ ဧကရာဇ်လည်း မဟုတ်သလို သူ၏ ဆွေမျိုးအကြီးအကဲလည်း မဟုတ်ပါ။ သို့သည့်တိုင် ထိုသူအား ခယဝပ်တွားရကာ အသနားခံနေရ၏။ ဤသည်မှာ ကျီ့ကျို တစ်ခါမှလည်း မလုပ်ဖူးကာ လုပ်ဖို့လည်း စိတ်ကူးမရှိသောအရာ ဖြစ်သည်။

အမျက်ဒေါသနှင့် နာကျည်းမှုများစွာမှာ ရေလှိုင်းကြီးများပမာ လှိုက်တက်လာလို့။ သို့သော်ငြား အားနည်းချည့်နဲ့လှသည်ဟူသည့် အသိတရားကိုပါ အတူတကွ ယူဆောင်လာ၏။ထိုခံစားချက်များမှအပ သူ မည်သို့မည်ပုံ ခံစားသင့်ပါသေးသနည်း။ မနုဿလူသားမဟုတ်သော နတ်ဆိုးမိစ္ဆာနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းက သူ့အား ကြံရာမရဖြစ်စေကာ အကောင်းဆုံးသော ဖြေရှင်းနည်းမှာလည်း လောလောဆယ်တော့ ဤတစ်လမ်းသာ ရှိသေးပေ၏။

ယခုတွင်မူ ထိုသူ ထွက်သွားချေပြီ။ ထိုသူထွက်သွားပြီးသည့်တိုင် မည်သည့်ကတိကဝတ်မှ ပြုမသွား။

သုံးဘဝဖွေရှာ ချစ်နှောင်ကြိုးဖူးစာ Where stories live. Discover now