Ch-250

1.3K 120 1
                                    

အခန်း (၂၅၀) - ကျန်းဝမ်ယုသည် ကျန်းမိသားစုရဲ့ အာရုံကို ဤကဲ့သို့ ဖမ်းစားလိုက်နိုင်သည် (၂)

သူမနဲ့ တွဲလုပ်ခဲ့သည့် လူတွေတောင် အံ့သြသွားကြသည်။ သူတို့သည် အွန်လိုင်းပေါ်မှ အကြောင်းအရာများကို မသိကြသလို ကျန်းယာ့ကောနှင့် ဖန့်ကျွင်းရုံတို့ကြားမှ ရှုပ်ထွေးသော ဆက်ဆံရေးအကြောင်းကိုပါ ကောင်းစွာ မသိရှိခဲ့ကြပေ။ သူတို့သည် ကျန်းယာ့ကောနှင့် ငွေရှာဖို့အတွက်သာ ပူးပေါင်းကြခြင်း ဖြစ်သည်။ ကျန်းယာ့ကောသည် သူတို့အား ဖမ်းမမိနိုင်ကြောင်းနှင့် ဒီအလုပ်လုပ်ပြီးနောက် နှစ်အနည်းငယ်ကြာသည့်အထိ အလုပ်မလုပ်ပဲ ထိုင်စားနိုင်ကြောင်း သူတို့ကို အာမခံခဲ့သည်။ စောစောက စကားမမြည်ပြောဆိုတာကို ကြည့်ရင် သူတို့နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် သိရုံတင် မကဘူး သူတို့နှစ်ယောက်ကြား ဆက်ဆံရေး သိပ်မကောင်းဘူးဆိုတာ သိသာသည်။

ဆံပင်အဝါရောင်နှင့် မိန်းကလေးက ဒေါသတကြီး ကျန်းယာ့‌ကောရဲ့ ဆံပင်ကို ဆောင့်ဆွဲခဲ့သည်။ “နင် ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ မဟုတ်လား။ နင် ငါတို့ကို နင်နဲ့အတူ ဆွဲချချင်နေတာပဲ။”

“နင်က မကောင်းတဲ့မိန်းမမှန်း ငါသိနေတယ်။ နင် မကောင်းတဲ့မိန်းမ။”

ဆံပင်အဝါ‌ရောင်နှင့် မိန်းကလေးသည် ထောင်ကျတော့မယ် ဆိုတဲ့ အတွေးကြောင့် ဒေါသထွက်သွားသည်။ သူမသည် ကျန်းယာ့ကောရဲ့ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲယူလိုက်သဖြင့် ဝမ်းနည်းတဲ့အတွေးတွေထဲ လက်ပစ်ကူးနေသည့် ကျန်းယာ့ကောသည် အသိပြန်ဝင်လာပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ရဲဝန်ထမ်းတွေက ခဏတာမျှ အံ့အားသင့်သွားပြီးနောက် သူတို့ကို အမြန်ခွဲထုတ်ဖို့ အပြေးအလွှား လာခဲ့ကြသည်။ ဆံပင်အဝါရောင်နှင့် မိန်းကလေးသည် ကျောင်းတတ်တုန်းက အမျိုးသမီး ကျောင်းလူဆိုးခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး မကြာခဏ ဆိုသလို ရန်ဖြစ်ခဲ့ဖူးသည်။ သူမသည် ကျန်းယာ့ကောရဲ့ ဆံပင်ကို လက်မှာ လိမ်ရစ်ပြီး ဆွဲကိုင်ထားသဖြင့် အရမ်းနာကျင်ရသောကြောင့် ကျန်းယာ့ကောသည် သူမရဲ့ နဂိုမူလ သနားကြင်နာကောင်းသည့် အားနည်းသော အသွင်အပြင်လေးကို မထိန်းသိမ်းနိုင်တော့ပဲ စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးမိတော့သည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now