Ch-252/253/254

684 80 0
                                    


ကျန်းဝမ်ယုကို မရပ်မနား ချီးမွမ်းနေသည့် သူ့အဖိုး ပြောတာတွေကို နားထောင်နေရင်း၊ ကျန်းပိသည် သူ့နှလုံးသားထဲ၌ မမြင်နိုင်သော လက်သည်းတွေဖြင့် ကုတ်ခြစ်ခံနေရသလို ခံစားနေရသည်။ ဒါက သူ့ကို မငြိမ်မသက် ဖြစ်စေသည်။ သူက သူ့ရုပ်ရည်ကြောင့်ပဲဖြစ်ဖြစ် သူ့အရည်အချင်းကြောင့်ပင်ဖြစ်ဖြစ် သူ့ကိုယ်သူ အမြဲတမ်း ယုံကြည်မှု ရှိခဲ့သည်။ တစ်ဖက်တွင်မူ ကျန်းဝမ်ယုရဲ့ အသွင်အပြင်က သူ့ကို အတုအယောင်တစ်ခုလို ဖြစ်စေခဲ့သည်။ သူတို့က ရုပ်ချင်းဆင်ပေမယ့် ကျန်းဝမ်ယုက သူ့ထက် ပိုချောသည်။ သူတို့က သက်တူရွယ်တူတွေ ဖြစ်ကြပေမယ့် ကျန်းဝမ်ယု၏ ပညာရေးသည် သူ့ထက် သာလွန်ပြီး သိပ္ပံမဂ္ဂဇင်းနှစ်စောင်တွင် ပုံနှိပ်ဖြန့်ဝေခြင်း ခံခဲ့သည်။ ကျန်းပိသည် ယခင်က ဂျာနယ်ခွဲများတွင်သာ ထုတ်ဝေ ဖော်ပြခံခဲ့ရဖူးပြီး ဒါက နှိုင်းယှဥ်၍ မရပေ။ အထူးသဖြင့် သူ့အမေဆီက အဖြစ်အပျက်ဟောင်းတချို့ကို သိလိုက်ရတော့ သူ့စိတ်ခံစားချက်ကို ပိုဆိုးသွားစေသည်။

ဘာဖြစ်လို့ ကျန်းဝမ်ယုက တည်ရှိနေရတာလဲ။

"သေချာပေါက် ကျွန်တော်လည်း ဒီသတင်းကို ကြားတယ်။ သူ့အကြောင်းကို မီဒီယာတွေက နေ့ရောညပါ တင်ဆက်နေခဲ့တာ။ မျက်စိရှိသူတိုင်း သူ့ကို မြင်ဖူးကြလိမ့်မယ်။ ပြီးတော့ သူက ကျွန်တော်တို့ရဲ့ အကြီးဆုံးတူလေးနဲ့ တော်တော်တူတယ်။ ပြောရမယ်ဆိုရင် သူက ကျန်းပိထက် အများကြီး ပိုစွမ်းဆောင်နိုင်သေးတယ်။ ကျန်းပိသာ သူ့လို စွမ်းဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ အလှအပဆေးလုံးနဲ့ အခြားဆေးပစ္စည်းတွေက ပါဝင်ပစ္စည်းတွေကို ရှာဖွေထားနိုင်လောက်ပြီ ဖြစ်မယ်။" ကျန်းပိရဲ့ ဒုတိယဦးလေးက မဖော်ရွေသည့်အသံဖြင့် ပြောသည်။

ထိုစကားကို ကြားတော့ ကျန်းပိရဲ့ မျက်နှာ ပျက်ယွင်းသွားသည်။ သူ့ဦးလေးက ကျန်းဝမ်ယုကို ချီးကျူးစကားပြောရုံနဲ့ မပြီးနိုင်ဘူးလား။ သူ့ကိုပါ ချနင်း ပြောဆိုဖို့ လိုအပ်လို့လား။

ကျန်းခိုင်ယွိရဲ့ အသံဟာ ပိုကျယ်လာသည်။ "ကျန်းဝမ်ယုက ကျန်းမိသားစုက ကလေးတစ်ဦးပဲ။ ငါတို့ သူ ငယ်ငယ်တုန်းက သူ့ကို ပျောက်ဆုံးသွားခဲ့တာ။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now