Ch-255/256/257

721 75 0
                                    

အခန်း(၂၅၅) - ဖန်းကျွင်းရုံနှင့် ကျန်းဝမ်ယုတို့သည် တစ်ဖက်လူတွေကို ဒေါသထွက်အောင် ကြိုးစားနေခြင်းသာဖြစ်ပြီး တရားခံက ရူးမိုက်စွာ သူ့ကိုယ်သူ အမှန်တကယ် ဖော်ထုတ်လိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး (၁)

ကျန်းခိုင်ယွိသည် မူလက စိတ်ခံစားမှုကတ်များကို ကစားရန် ပြင်ဆင်ထားခဲ့ပေမယ့် ပုစဥ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော်လည်း ကျင်းတစ်ထောင်လောက်လေးသော ဤစာရွက်တစ်ရွက်ကို မြင်ပြီးနောက် ကြိုတင်ပြင်ဆင်ထားသော စကားလုံးများကို လုံးဝ မေ့လျော့သွားခဲ့သည်။ သူ့ခေါင်းထဲတွင် "ဒါတွေဝယ်ရင် ဘယ်လောက်ကုန်မလဲ။ သန်းရာနဲ့ချီ ကုန်ကျလိမ့်မယ်" ဟူသော စကားလုံးများသာ ပြည့်နှက်နေခဲ့သည်။

"ဒါတွေအပြင် မင်း ဘာလိုချင်သေးလဲ။" ကျန်းခိုင်ယွိက အတင်းပြုံးပြရင်း မေးခဲ့သည်။

လူအများစုက သူတို့ရဲ့ မိဘရင်းတွေကို အရမ်းတွေ့ချင်ကြတယ် မဟုတ်ပါလား။ ဒါကို ပြောနေသရွေ့ သူ့မိဘတွေအကြောင်း သဘာဝကျကျ ပြောနိုင်တယ်၊ သူ ရှိနေတုန်းက သူ့မိဘတွေက သူ့ကို ဘယ်လောက်ချစ်တယ် သူ့ကို ရတနာတစ်ခုလို ဆက်ဆံပြီး ဘယ်လို အလေးထားတယ် ဆိုတာကို ပြောပြခဲ့သည်။ ထိုမှတဆင့် ကျန်းဝမ်ယုနှင့် ကျန်းမိသားစုကြား ဆက်ဆံရေးနှင့် ခံစားချက်များကို ခိုင်ခံ့စေသည်။ မည်သို့ပင်ဆိုစေကာမူ ကျန်းခိုင်ယွိရဲ့ ပေသီးက ဘယ်လောက်ကောင်းနေပါစေ အချိန်အကြာကြီး ကြိုတင်ပြင်ဆင်ထားသည့် ကျန်းဝမ်ယုကို ရင်ဆိုင်ဖို့ မကိုက်ညီပါဘူး။

ကျန်းဝမ်ယုရဲ့ မျက်လုံးထဲမှာတော့ ကျန်းမိသားစုတစ်ခုလုံးကို လူဆိုးများအဖြစ် သတ်မှတ်ပြီးသား ဖြစ်သည်။ ကျန်းအိမ်ကိုပြန်ဖို့ သဘောတူရတဲ့ တစ်ခုတည်းသော အကြောင်းရင်းမှာ တံတားအောက်တွင် မည်သူမျှ မသိလိုက်ပဲ သေဆုံးလုနီးပါး ဖြစ်နေသည့်သူ့ကို ကယ်တင်ပေးခဲ့သည့် ဖန့်ကျွင်းရုံအတွက် အကျိုးစီးပွားအချို့ကို စုဆောင်းပေးရန် ဖြစ်သည်။ ထို့အပြင် ထိုကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲ ဆိုတာကိုပါ ရှာဖွေဖို့ပါပဲ။ ကျန်းအိမ်သို့ရောက်ပြီးနာက် တစ်ဖက်လူက သူ့ကို ပွင့်ပွင့်လင်းလင်း သတ်ဖြတ်ဖို့ လုပ်မှာကို သူ မစိုးရိမ်ပါဘူး။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now