Ch-258/259/260

939 92 1
                                    

အခန်း (၂၅၈) – သူမ ထိုသို့ပြောလိုက်စဥ်တွင်၊ ဖန့်ကြွယ်မင်က သူမထံသို့ လျှောက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။ (၁)

စုချင်းရင်သည် ကျောင်းဝင်းထဲမှာ ကျန်းဝမ်ယုကို မတော်တဆ မြင်လိုက်တဲ့အခါမှာ အဲ့ဒီမျက်နှာက သူမကို အလွန်ထိတ်လန့်စေခဲ့သည်။ သူ့မျက်ဝန်းတွေက သူမမှတ်ဥာဏ်ထဲက လူတစ်ယောက်နှင့် ထပ်တူကျကာ သူမ၏ မရေမတွက်နိုင်သော ညများစွာ၏ အိမ်မက်ဆိုးများအဖြစ် ပြောင်းလဲကာ သူမကို ခြောက်လှန့်နေလေသည်။

သူမသည် ထိုကလေးကသာ ကျန်းမိသားစုထံ ပြန်ရောက်လာခဲ့ရင် ပိအာ၏ အခြေအနေကို ခြိမ်းခြောက်နိုင်မည့် အဖြစ်အား သူမ ဘယ်သောအခါမှ ခွင့်မပြုနိုင်ပေ။

သူမကလေးအတွက်၊သူမသည် ဤတစ်ကြိမ်းတည်းနှင့်ပင် ရက်စက်ကြမ်းကြုပ်သူဖြစ်ရန် ဆုံးဖြတ်ခဲ့သည်။ သူမသည် ထိုမျက်နှာကို မကြည့်ဝံ့သောကြောင့် သူ့အသွင်အပြင်ကို ဖျက်ဆီးရန် ရွေးချယ်ခဲ့သည်။ မထင်မှတ်ပဲ ထိုကလေးက အသက်ရှင် ကျန်ရစ်ခဲ့ပြီး ထိခိုက်မှု လုံးဝ မရှိခဲ့ပါ။ သူက ဖန့်ကျွင်းရုံနဲ့ တွေ့ခဲ့ပြီး သူမရဲ့ ပံ့ပိုးကူညီမှုနဲ့ တစ်နိုင်ငံလုံး ကျော်ကြားသွားပြီး သူ့မျိုးဆက်ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ အခြားတစ်ဖက်တွင်မူ သူမ၏ အချစ်ဆုံးသားလေးသည် သူနှင့်နှိုင်းယှဥ်ကြည့်လျှင် အလယ်လတ်တန်းစား လူတစ်ယောက်လိုပင် ဖြစ်နေခဲ့သည်။

အခု သူက ပြန်လာရုံတင်မကပဲ သူ့မျိုးဆက်ရဲ့ အကြီးဆုံးသားအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သူမ အကြောက်ဆုံးအရာအားလုံးဟာ အမှန်တကယ် ဖြစ်လာခဲ့ပြီး စုချင်းရင်သည် ၎င်းအား ရပ်တန့်ရန် အစွမ်းမရှိသောကြောင့် သူမ စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။

သူမ အရမ်းနောင်တရသည်။ အကယ်၍ သူမသည် သရဲတစ္ဆေများကို အချိန်အကြာကြီး စိတ်စွဲမနေခဲ့ဘူးဆိုလျှင် ကျန်းဝမ်ယုသည် သာမာန်တက္ကသိုလ်ပါမောက္ခတစ်ဦးသာ ဖြစ်ပေလိမ့်မည်။ သူ့ရဲ့ ထူးချွန်သောစွမ်းရည်များသည် နောက်ဆုံး၌ ကျောင်းတွင်း အသေးအဖွဲကိစ္စများကြောင့် တိမ်မြှုပ်သွားလိမ့်မည် ဖြစ်သလို သူ့ကို မြေတောင်မြှောက်ပေးခဲ့သည့် ဖန့်ကျွင်းရုံနှင့်လည်း‌ တွေ့ဆုံနိုင်လိမ့်မည် မဟုတ်ပေ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now