အခန်း (၂၈၁) - စုချင်းယင် ဖြစ်လာဖို့ ၎င်းသည် သူမ ပေးဆောင်ရမည့် တန်ဖိုး ဖြစ်နိုင်ပါသလား။ (၁)
"ကျွင်းရုံ၊ မင်းကို ငါရှာနေတာကြာပြီ။"
ကျယ်လောင်ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ဖန့်ကျွင်းရုံသည် အသံလာရာဆီ အသာလှည့်ကြည့်လိုက်တော့ ကုန်သည်ကြီးများအသင်းဒုတိယဥက္ကဌ ချူခို့သည် သူမထံ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူက အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်ခပ်ထွားထွားနဲ့ ကြည့်ကောင်းတယ်။ သူ ပြုံးရယ်လိုက်သောအခါ ခင်မင်နှစ်လိုဖွယ်ကောင်းသည်။ ချူခို့သည် ကောယွမ်ကော်ပိုရေးရရှင်းဥက္ကဌနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး ဖန့်ကျွင်းရုံအား ဤပွဲသို့ တက်ရောက်ရန် သူက ဖိတ်စာတစ်စောင်ပေးခဲ့သည်။
ဖန့်ကျွင်းရုံက ပေါ့ပေါ့ပါးပါး ပြုံးပြကာ "မင်္ဂလာပါ၊ ဥက္ကဌချူ" ဟု နှုတ်ဆက်လိုက်သည်။
ချူခို့က စိတ်လှုပ်ရှားစွာဖြင့် "လောင်လျှို့ဆီကနေ ဂျင်ဆင်းရိုင်းတစ်ခုကို ဒီနေ့ ဒီကို မင်းနဲ့အတူ ယူလာလိမ့်မယ်လို့ ငါကြားတယ်။" လောင်လျှို့လို့ ချူခို့ ရည်ညွှန်းသူမှာ ကောယွမ်ကော်ပိုရေးရှင်း၏ ဥက္ကဌဖြစ်သည်။ ဤနယ်ပယ်တွင် စံပြပုဂ္ဂိုလ်တစ်ဦးအနေဖြင့်၊ ချူခို့သည် အလုပ်တာဝန်များစွာကို ဆောင်ရွက်နေရပြီး သူ့ကို မြင်တွေ့ရဖို့ ခက်ခဲလှသည်။ သူ့ကို ယခုမြင်ရသည်မှာ ဖန့်ကျွင်းရုံ ယူလာသော ဂျင်ဆင်းရိုင်းက အရမ်းရှားပါးပြီး သူ့စိတ်ကို ဆွဲဆောင်နိုင်စေမယ့် အရာတစ်ခု ဖြစ်နေတယ်လို့ ပြသနေခဲ့သည်။ ချူခို့သည် အလွန်သိချင်နေသောကြောင့် အကဲဖြတ်ချိန်အထိပင် မစောင့်နိုင်ဘဲ ဖန့်ကျွင်းရုံကို ဦးစွာ ရှာဖွေခဲ့တာပဲ ဖြစ်သည်။
ဖန့်ကျွင်းရုံသည် မျက်ခွံများ အနည်းငယ် လှုပ်ခါသွားသည်။ ချူခို့သည် ယောကျာ်းပီသသော်လည်း မထင်မှတ်ပဲ သူသည် စိတ်မရှည်သောလူတစ်ယောက် ဖြစ်နေလိမ့်မယ်ဟု မထင်ခဲ့ပေ။
ဖန့်ကျွင်းရုံက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ချူခို့က ဂျင်းဆင်းရိုင်းကြည့်ရှုဖို့ သူမကို ချက်ချင်းပင် သူ့ရုံးခန်းဆီ ခေါ်သွားချင်ခဲ့သည်။