Ch-264/265

853 84 0
                                    

အခန်း (၂၆၄) - ရှင်းယွင်နှင့် ကျုံးရီကို အသုံးချပြီး နာမည်ကျော်ကြားလာစေရန် စီစဉ်နေပါသလား။ အရမ်းရဲရင့်တာပဲ။ (၁)

တစ်ဖက်တွင်လည်း ဖန့်ကျွင်းရုံသည် နောက်ကျရောက်လာသော လီရွှမ်းကို တွေ့လိုက်ရသည်။ လီရွှမ်းသည် ဧည့်သည်များကြားတွင် နောက်ဆုံးရောက်လာသူဖြစ်သည်။ သူက အားလုံးကို ပြုံးပြုံးရွှင်ရွှင် မျက်နှာထားဖြင့် လိုက်နှုတ်ဆက်သည်။ ဆိုရိုးစကားအတိုင်း ပြုံးနေတဲ့သူကို လက်နဲ့ မထိပါနဲ့၊ လူတိုင်းက ဒေါသထွက်နေရင်တောင် အပြစ်ရှာဖို့ မလွယ်ပါဘူး။

"တောင်းပန်ပါတယ်။ တခြား ကိစ္စတစ်ခု ပေါ်လာလို့ နောက်ကျသွားတယ်။ ကျွန်တော် တောင်းပန်တဲ့အနေနဲ့ ပြိုင်ပွဲပြီးရင် အားလုံးကို ညစာလိုက်ကျွေးပါ့မယ်။" လီရွှမ်းသည် ထိုသို့စကားပြောနေစဉ် ဖန့်ကျွင်းရုံကို ကြည့်ပြီး အံ့အားသင့်သွားသည်။ ဖန့်ကျွင်းရုံသည် သူထင်ထားသည်ထက် နုပျိုပြီး လှပနေသည်။ ဖန့်ကျွင်းရုံသည် တစ်ယောက်ယောက်ကို ပေါ့ပေါ့ပါးပါး ကြည့်သောအခါတွင်ပင် အထူးဆွဲဆောင်မှုရှိသည်။ ကျန်းသဲ့ရှန်းနှင့် စကားပြောပြီးနောက် အလုပ်သမားအချို့ကို မေးမြန်းကြည့်မိတော့ ကျန်းသဲ့ရှန်းသည် အမှန်တကယ် ဖန့်ကျွင်းရုံ၏ လက်ထောက်ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် သာမာန်အချိန်များတွင်ပင် မခွဲမခွာလုနီးပါး အတူရှိကြောင်း သိလိုက်ရသည်။

ကျန်းသဲ့ရှန်းတစ်ယောက် အစောပိုင်းက ပြောခဲ့သည့် ယွမ်ငွေ သန်း ၅၀တန် ဘောနပ်စ်ကို ပြန်တွေးကြည့်တော့ ဒါက လက်ထောက်ဖြစ်တာကြောင့် မဟုတ်ဘဲ ဂရုစိုက်ကျွေးမွေးခံထားရတဲ့ အပျော်ကောင်လေးမှန်း သိသာထင်ရှားသည်။ နှစ်ပေါင်းများစွာ မြင့်မြတ်ချင်ဟန်ဆောင်တဲ့ ကျန်းသဲ့ရှန်သည် နောက်ဆုံးတော့ ဒီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။ ကျန်းသဲ့ရှန်း၏ ရှုးဂါးမာမီနှင့် သူ့ အတိတ်တုန်းက တွေ့ခဲ့သည့်သူများနှင့် နှိုင်းယှဥ်ရုံမျှဖြင့် အရည်အသွေး ကွာဟချက်မှာ အလွန်ကြီးမားသောကြောင့် သူ့ကို အလွန်စိတ်မသက်မသာ ဖြစ်စေသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now