Ch-272/273/274

527 69 1
                                    


ဖန့်ကျွင်းရုံသည် အနည်းငယ် ရယ်ချင်လာခဲ့သည်။ သူမသည် တုန်းကျွင့်မင်၏ ဗီဒီယိုဖိုင်ကို နှိပ်ပြီး ကြည့်ရှုခဲ့သည်။ တုန်းကျွင့်မင်သည် လူအများ၏ မျက်ရည်ချူရာတွင် ထူးချွန်သူဖြစ်ကြောင်း သူမ ဝန်ခံရပေမည်။ သူသည် ရှန့်ရှင်းအကြောင်းကို အပျက်သဘောဆောင်တဲ့ စကားလုံးမျိုး တစ်ခွန်းမှ မပြောခဲ့ပေမယ့် သူ ချနင်းခံခဲ့ရတဲ့အကြောင်းကိုတော့ တစ်ချိန်လုံး ပြောပြနေခဲ့တယ်။ သူ့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြီး သူ့ပရိသတ်တွေက သူ့အတွက် တိုက်ခိုက်ပေးဖို့ကို ဆန္ဒရှိနေခဲ့တာ ဖြစ်သည်။ သူသည် ဤနယ်ပယ်တွင် ထူးချွန်ပြောင်မြောက်ပြီး ဖျော်ဖြေရေးနယ်ပယ်သည် သူ့အတွက် အလွန်အံဝင်ခွင်ကျ ဖြစ်လှသည်။ သူမသည် ဒါကို နားလည်ပေးနိုင်သော်လည်း လက်မခံချင်ဘူး။

သို့သော်လည်း ဖန့်ကျွင်းရုံသည် ခက်ခဲသောအချိန်များတွင်ပင် သူတို့၏ဆန္ဒများကို မပြောင်းလဲဘဲ တူညီသောစိတ်ဓာတ်ရှိသူများကို ပိုသဘောကျသည်။

ရှန့်ရှင်းသည်လည်း ‌ရှေ့သို့ တက်လာခဲ့ပြီး ကျုံးရီနှင့် ရမ်တုန်းကျစ်တို့ တွေ့ဆုံရခြင်း အကြောင်းရင်းမှာ စာချုပ်အကြောင်းဆွေးနွေးရန် ဖြစ်ကြောင်း ပြောလာခဲ့သည်။ သူတို့နှစ်ဦးကြားတွင် မည်သည့် အချစ်ရေးကိစ္စမျှ မရှိခဲ့ပေ။ ရမ်တုန်းကျစ်သည် ပြိုင်ပွဲတွင် ပထမနေရာရရှိခဲ့ပါက ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးနောက် ရရှိလာသောအမြတ်ဝေစုသည် မူရင်းအခြေခံလစာပေါ်တွင် ၁၀ ရာခိုင်နှုန်း တိုးလာမည်ဟု ဖော်ပြထားသည့် စာချုပ်ပါ အချက်အလက် တစ်စိတ်တစ်ပိုင်းကို ကျုံးရီက ပို့စ်တင်ခဲ့သည်။

သူမသည် တည်ငြိမ်ပြီး ဟာသလုပ်လိုသည့် သဘောဖြင့် "တုတ်နဲ့ ချောင်းရိုက်တာ ခံရတယ်လို့ ကျွန်မတော့ ခံစားမိတယ်ရှင်။ ကျွန်မ သူ့ကို ဒုတိယနေရာမှာ ထားသင့်တယ် ဒါမှ ကျွန်မ ဒီထက်ပိုပြီး အကျိုးအမြတ်ရမှာပေါ့။ ဝမ်းနည်းစရာကောင်းတာက ကျွန်မမှာ ပြိုင်ပွဲရဲ့ ရလဒ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။"

ဖန့်ကျွင်းရုံသည် ဒါကို မြင်တော့ ပြုံးလိုက်မိသည်။ ဒါက ဆိုးရွားတဲ့ တုံ့ပြန်မှုမျိုးတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့၊ အင်တာနက် အသုံးပြုသူ အများအပြားက သူမကို မြောင်းထဲမှ ဆွဲထုတ်ပေးခဲ့ကြပြီး သူမ ဆုံးရှုံးသွားမယ့် ငွေကြေးတွေကို တွက်ချက်ရာတွင် ကူညီပေးခဲ့ကြပါသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Tempat cerita menjadi hidup. Temukan sekarang