Ch-266/267/268

738 80 1
                                    

အခန်း (၂၆၆) – မုန်တိုင်းလာမည့်အချိန်ကို စောင့်ဆိုင်းနေသူ (၁)

ဖန့်ကျွင်းရုံသည် ဒီနယ်ပယ်တွင် ပါဝင်ရောနှောခြင်း မရှိသော်လည်း ယခင်က သူမ တက်ရောက်ခဲ့သော ပွဲများ၌ အတင်းအဖျင်းပြောသံများစွာကို ကြားခဲ့ဖူးပြီး အဆက်အသွယ်အချို့ကိုလည်း သူမ သိရှိနေသေးသည်။ အရင်တုန်းကတော့ ဟိုင်ထန်းအင်တာတိန်းမန့်အပေါ် သူမရဲ့ ခံယူချက်က မဆိုးရွားခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်ဖက်လူက ရှင်းယွင်နဲ့ ကျုံးရီတို့အပေါ် ရေဆိုးရေညစ်တွေ လောင်းချဖို့ စီစဥ်နေကြောင်း ယခု သူမ သိရှိသွားခဲ့သောကြောင့် ၎င်းတို့အပေါ် သူမရဲ့အထင်အမြင်ဟာ အနုတ်လက္ခဏာတန်ဖိုးအောက်သို့ တိုက်ရိုက်ကျဆင်းသွားစေခဲ့ပါသည်။

"နင် ဘာလုပ်မှာလဲ။" ကျိုးယန်သည် ဖန့်ကျွင်းရုံနှင့် ဟိုးယခင်ကပင် ဆက်ဆံရေးကောင်းရှိပြီး ဖန့်ကျွင်းရုံက သူမကို အလှအပဆေးလုံးနှင့် ဆံပင်ကြီးထွားဆေးခရင်မ်အချို့ကို ပေးခဲ့ပြီးတဲ့နောက်မှာ သူမသည် ဖန့်ကျွင်းရုံ၏ သူငယ်ချင်းကောင်းတစ်ဦးအဖြစ် သူမကိုယ်သူမ မှတ်ယူထားခဲ့ပါသည်။ ထို့အပြင် ဖန့်ကျွင်းရုံက အဆင့်အတန်း မြင့်မားသည်။ ဖန့်ကျွင်းရုံနှင့် ခင်မင်ရင်းနှီးသောကြောင့် ဖျော်ဖြေရေးအသိုင်းအဝိုင်းရှိ စက်ဆုပ်ရွံရှာဖွယ်လူများထံမှ ပြဿနာများစွာကို ရှောင်ရှားနိုင်သောကြောင့် ဖန့်ကျွင်းရုံရဲ့ပေါင်ကို မလွတ်တမ်း ဖက်ထားဖို့ကိုပင် တွေးနေမိသည်။

ဒီပြိုင်ပွဲကိုပင် နမူနာယူပါ။ ဒီပြိုင်ပွဲအတွက် သူမ အများကြီး ပါဝင်ကူညီပေးခဲ့ပြီး ဧည့်သည်အများအပြားကို မိတ်ဆက်ပေးခဲ့ကာ ဖိုင်နယ်ပွဲသို့ သူမ လူကိုယ်တိုင်ပင် တက်ရောက်လာခဲ့သည်။

"ဟိုင်ထန်းအင်တာတိန်းမန့်ရဲ့ အစီအစဥ်အရ ဒီပြိုင်ပွဲမှာ တုန်းကျွင့်မင် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူတို့ရဲ့ အကျိုးစီးပွားကို အဆုံးထိ မြှင့်တင်ကြလိမ့်မယ်။ အတိအကျပြောရမယ်ဆိုရင်၊ တုန်းကျွင့်မင်သာ ရှုံးနိမ့်သွားမယ်ဆိုရင် သူတို့က အမြတ်အများဆုံး ရရှိသွားလိမ့်မယ်။ ဒါကြောင့် သူတို့က တုန်းကျွင့်မင် ရှုံးနိမ့်သွားဖို့ကို ပိုမျှော်လင့်နေကြလိမ့်မယ်။"

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now