Ch-251

728 82 0
                                    

အခန်း (၂၅၁) - ကျန်းဝမ်ယုသည် ကျန်းမိသားစုရဲ့ အာရုံကို ဤကဲ့သို့ ဖမ်းစားလိုက်နိုင်သည် (၃)

ဖန့်ကျွင်းရုံသည် သူ့အသက်ကို ကယ်တင်ခဲ့သူ ဖြစ်သည်။ သူ့ကို ကယ်တင်တဲ့ အချိန်တုန်းက သူမမှာ ယုတ်ညံ့တဲ့ ရည်ရွယ်ချက် ရှိ မရှိကို သူ ဂရုမစိုက်ဘူး။ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်မှာ သူ့ရှေ့မှာ ပေါ်ထွက်လာပြီး သူ့ဘဝကို အလင်းဆောင်ပေးခဲ့သည်။ ဖန့်ကျွင်းရုံရဲ့ ကျေးဇူးတွေကို ပြန်ဆပ်ဖို့အတွက် သုတေသန ရလဒ်ကောင်းများ ထွက်ပေါ်ရန် လုပ်ဆောင်ခဲ့ပြီး ဒါက သူ လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်သည်။

ဖန့်ကျွင်းရုံရဲ့ နာမည်ကို သူ့စာတမ်းမှာ ထည့်သွင်းချင်ပေမယ့် ဖန့်ကျွင်းရုံက ငြင်းပယ်ခဲ့သည်။

ဖန့်ကျွင်းရုံကတော့ ကျန်းဝမ်ယုရဲ့ ပံ့ပိုးကူညီမှုက သူမထက် သာသည်ဟု ခံစားမိလေသည်။ သူ့ကြောင့်သာ မဟုတ်ရင် သူမဟာ လက်တွေ့ကမ္ဘာမှာ ဒီဆေးဖက်ဝင်အပင်တွေကို ဘယ်လို စိုက်ပျိုးရမလဲ ဆိုတာကို သူမ မသိရှိနိုင်သလို ဒီဆေးညွှန်းဖော်မြူလာနှစ်ခုကို အများသူငှာ အကျိုးစီးပွားအတွက် အသုံးချနိုင်မှာလည်း မဟုတ်ပါဘူး။ ထိုနေ့က သူမ သူနှင့် တွေ့ဆုံခဲ့ရသည့်အတွက် အရမ်းပျော်မိသည်။

ကျောက်မျက်ရတနာဆိုတာ သူ့အလိုလို ထွန်းလင်းတောက်ပလာမှာပဲ ဖြစ်သည်။ သူမတို့ အရင်ဘဝမှာတုန်းက သူ သူမနဲ့ မတွေ့ခဲ့ရရင်တောင် ကျန်းဝမ်ယုဟာ သူ့ဘဝမှာ နေရာတစ်ခု ရရှိအောင် စွမ်းဆောင်နိုင်တုန်းပါပဲ။ ယခု ဒီဘဝမှာတော့ ကျန်းဝမ်ယုသည် ယခင်ကကဲ့သို့ သူ့ကံကြမ္မာဆိုးထဲ ကျရောက်သွားမှာကို သူမ မစိုးရိမ်တော့ဘူး။ ယခု ကျန်းမိသားစုသည် သူမ ယခင်ဘဝကကဲ့သို့ အင်အားမရှိတော့ပေ။ သူတို့ရဲ့ အရိုးပြုပြင်ဆေးခရင်မ်သည် ကျောက်စိမ်းဖြူဆေးခရင်မ်ရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရပြီး၊ သူတို့ရဲ့ ဆေးဝါးမိသားစုအခြေအနေသည် အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ တော်တော်များများက သူတို့ကို ဝါးမျိုနိုင်ဖို့ အခွင့်အရေးကို စောင့်မျှော်နေကြသည်။ သူတို့ရဲ့ လက်ရှိအနေအထားကို ဆက်လက် ထိန်းထားနိုင်ဖို့ကိုပဲ ရုန်းကန်နေရသည်။ သူတို့သည် ကျန်းဝမ်ယုကို ပစ်မှတ်ထားဖို့ အချိန်နှင့် လုံ့လစိုက်ထုတ်ဖို့ အားအင်ပင် မရှိပေ။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now