Ch-269/270/271

506 64 0
                                    


ရမ်တုန်းကျစ်သည် ထူးချွန်ထက်မြက်သော သီဆိုမှုနှင့် တီထွင်ဖန်တီးနိုင်မှု အားကောင်းသည့် ပြိုင်ပွဲဝင်တစ်ဦးဖြစ်ကြောင်း ပရိသတ်အချို့က ဖော်ပြခဲ့ကြသည်။ ပြီးတော့ ရမ်တုန်းကျစ်သည် ပြိုင်ပွဲတုန်းက ဒုတိယရရှိသူထက် ပိုမိုအံ့သြဖွယ်ကောင်းသော စွမ်းဆောင်ရည်ကို ပြသခဲ့သည်။ သူ့ရဲ့ အနိုင်ရရှိမှုက ထိုက်တန်ပါသည်။ ဒါပေမယ့် ရှားရှားပါးပါး စည်းလုံးနေတဲ့ တခြားအိုင်ဒေါတွေရဲ့ ပရိသတ်များရှေ့တွင် အဆိုပါ ဖြတ်သွားဖြတ်လာများ၏ စကားသံများသည် အားနည်းနေပုံရပြီး ထိန်းချုပ်နိုင်စွမ်းနှင့် မှတ်ချက်ပေးနိုင်စွမ်းတို့မှာ သူတို့ထက်ပင် ဆိုးရွားနေကာ သူတို့ရဲ့ မှတ်ချက်တွေက ရေဆေးချလိုက်သလို လျှင်မြန်စွာ နစ်မြှုပ်သွားခဲ့ကြသည်။

ပရိသတ်တွေရဲ့ မှတ်ချက်တွေက တိုးလာသည်နှင့်အမျှ ဖြတ်သွားဖြတ်လာအချို့၏ အာရုံများကို လွှမ်းမိုးခံခဲ့ရပါသည်။ နောက်ဖေးတံခါးမှ ဝင်ရောက်လာသူတွေကြောင့် နာကျင်ခံစားခဲ့ဖူးသော ဖြတ်သွားဖြတ်လာအချို့သည် သူတို့ ခံစားခဲ့ရသည့် အချိန်များကို ပြန်အမှတ်ရမိကြသည်။ တဖြည်းဖြည်းနဲ့ ပရိသတ်တွေအကုန်လုံး စုစည်းလာခဲ့ကြပြီး ရှန့်ရှင်းထံမှ ရှင်းပြချက် တောင်းဆိုခဲ့ကြလေသည်။

လူတိုင်း အတူတကွ ကြိုးစားမှုကြောင့် "အနာဂတ်ကြယ်ပွင့်ပြိုင်ပွဲ နောက်ကွယ်မှ လျှို့ဝှက်ဇာတ်ကြောင်း" နှင့် "တုန်းကျွင့်မင်သည် သူ့ရဲ့အောင်ပွဲကို မတရားစွာ ဆုံးရှုံးခဲ့ရသည်" ဟူသော ခေါင်းစဥ်များဖြင့် လူကြိုက်အများဆုံးစာရင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ သူတို့သည် ရှန့်ရှင်းကို အစိတ်စိတ်အမြွှာမြွှာ ကွဲသွားစေချင်လောက်သည့်အထိ ဒေါသတွေ အရမ်းထွက်နေခဲ့ကြသည်။

ပြိုင်ပွဲပြီးဆုံးသွားသောအခါ ရှင်းယွင်သည် သူမရဲ့ ပြိုင်ပွဲအပေါ် လူအများ၏ အကဲဖြတ်ချက်ကို ကြည့်ရှုဖို့ အွန်လိုင်းတက်ရန် စိတ်လှုပ်ရှားနေပါသည်။

သူမထံတွင် အတွေ့အကြုံမရှိခြင်းကြောင့် ပြိုင်ပွဲကျင်းပရာတစ်လျှောက် ချို့ယွင်းချက်များစွာရှိသော်လည်း သူမစီစဥ်သည့် ပြိုင်ပွဲအတွက် တိတ်တဆိတ် ဂုဏ်ယူမိပါသည်။ မည်သို့ပင်ဆိုစေကာမူ သေးငယ်သော ချို့ယွင့်ချက်လေးတွေက ပြိုင်ပွဲတစ်ခုလုံးကို အပျက်သဘောဆောင်သော သက်ရောက်မှု မရှိခဲ့ပေ။ သူမနှင့် ကျုံးရီသည် အမြင့်ဆုံးပြိုင်ပွဲဝင်လေးဦးစလုံးကို ခေါ်ယူချင်ခဲ့သည်။ နောက်ဆုံးတွင် သူတို့လေးဦးစလုံး ကိုယ်စီ ကိုယ်စီ စွမ်းဆောင်ရည်ကောင်းမွန်ကြပြီး သူတို့ကိုယ်ပိုင်ပရိသတ်များပင် ရှိကြသောကြောင့် သူတို့တွင် အလားအလာကောင်းသော အနာဂတ်တစ်ခု ရှိကြပါသည်။ အထူးသဖြင့် သူမ အထင်အမြင်အကောင်းဆုံးတစ်ယောက်မှာ တုန်းကျွင့်မင်ဖြစ်သည်။ ကံမကောင်းစွာပဲ၊ တုန်းကျွင့်မင်သည် သူ့အနာဂတ်အတွက် အစီအစဥ်ရှိနေပုံရပြီး သူမတို့နှင့် စာချုပ်ချုပ်ဆိုဖို့ အစောကတည်းကပင် ငြင်းဆန်ခဲ့ပါသည်။ ဆိုရိုးစကားအတိုင်း၊ တစ်စုံတစ်ဦးအား သူတို့ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအကျပ် ခိုင်းစေတာဟာ မဖြစ်သင့်ပဲ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းလာခဲ့တာ အချိန်တစ်ခု ရှိပြီဖြစ်သောကြောင့် သူ့အတွက် ကံကောင်းပါစေဟုသာ ဆုတောင်းပေးခဲ့ပါသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now