Ch-261/262/263

542 67 0
                                    

အခန်း (၂၆၁) – ကျန်းကျစ်ယန်က တုံးအသည့်အတွက် သူက ကျန်းကျစ်ယန်အပေါ် 'ကျေးဇူးတင်တယ်' ဟူသော စကား အကြွေးတင်နေခဲ့သည် (၁)

လီရှင်းယွင်သည် ထိုစကားကို ကြားပြီးနောက် နောင်တရသွားပုံပေါ်သည်။ လီရှင်းယွင်သည် သူ့အမေသာ ဖန့်ကြွယ်မင်ကို သဘောမကျမှန်း သူမ သိခဲ့ရင် သူမ၏ အစီအစဥ်ရှိုးတွင် သူ့ကို ဧည့်သည်အဖြစ် တက်ရောက်ဖို့ ဘယ်တော့မှ ခွင့်ပြုခဲ့မှာ မဟုတ်ဘူး။

"ဘော့စ်ဖန့်" ဖန့်ကြွယ်မင်သည် နွေဦးလေပြေကဲ့သို့ အပြုံးတစ်ခုနှင့် သူတို့ထံ ချဥ်းကပ်လာခဲ့သည်။ သူသည် ကောယွမ်ကော်ပိုရေးရှင်း၏ သတင်းစာရှင်းလင်းပွဲတွင် သူမ၏ မိန့်ခွန်းပြောအပြီး ဖန့်ကျွင်းရုံအား အလွန်လေးစားခဲ့မိသည်။ အခြားသူများနှင့် မတူပဲ အမှန်တကယ် ကြင်နာတတ်သော စွန့်ဦးတီထွင်သူဖြစ်ကြောင်း သူ ခံစားမိသည်။ ဒါ့ကြောင့် ဖန့်ကျွင်းရုံသမီးက ဒီပြိုင်ပွဲကို ကျင်းပနေမှန်း သိတဲ့အခါ အခကြေးငွေတောင် မယူတဲ့ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ပေးခဲ့တာ ဖြစ်သည်။

ဖန့်ကျွင်းရုံက သူ့ကို ခပ်တည်တည် ကြည့်နေခဲ့သည်။ သူမနှင့် ရင်းနှီးတွေသူတွေကတော့ အခုအချိန်မှာ သူမ စိတ်အခြေအနေ မကောင်းတာကို သဘာဝကျကျ ခံစားမိနိုင်ပေမယ့် မရင်းနှီးတဲ့သူတွေကတော့ ဒါက သူမရဲ့ ပုံမှန် ခပ်ခွာခွာနေတတ်တဲ့ပုံစံပဲလို့ ထင်ကြပါလိမ့်မည်။ ဖန့်ကြွယ်မင်က နောက်ကျသည်။ ဖန့်ကျွင်းရုံအပေါ် ထားရှိတဲ့ သူ့သဘောထားက အမှားအယွင်း တစ်စုံတစ်ရာရှိတယ်လို့ မခံစားခဲ့ရပေ။ ဖန့်ကျွင်းရုံ၏ ရုပ်ဆင်းသွင်ပြင်သည် သူမ၏ ပုံရိပ်ကဲ့သို့ပင် ပျားများနှင့် လိပ်ပြာများကို ဆွဲ‌ဆောင်စေနိုင်သည်။ ဖန့်ကျွင်းရုံ၏ ရုပ်ဆင်းသွင်ပြင်ဟာ ဖျော်ဖြေရေးနယ်ပယ်က အမျိုးသမီးသရုပ်ဆောင်တွေထက်တောင် ပိုကြည့်ကောင်းတယ်လို့ တွေးကာ စိတ်ထဲမှာ သက်ပြင်းချလိုက်မိသည်။ သူမရဲ့ အသွင်အပြင်နဲ့ စိတ်နေစိတ်ထားအရ သူမ၏ အသက်အရွယ်ကို လုံးဝ မပြောနိုင်သလို သူမရဲ့ အသက်က ၂၅ နှစ်ကျော်သာ ရှိသေးတယ်လို့ ဆိုလျှင်ပင် မည်သူမျှ သံသယရှိမည် မဟုတ်ပေ။ ထိုအချိန်မှာပင် ဖန့်ကျွင်းရုံကို ပထမဆုံးအကြိမ် တွေ့ဖူးသူများကဲ့သို့ပင် - လီဝမ့်ကျင်းက ကန်းနေတာ သေချာတယ်လို့ ဖန့်ကြွယ်မင်က တွေးခဲ့မိသည်။

ပြန်လည်မွေးဖွားလာသော ယောက္ခမဆိုး (ဒုတိယတွဲ)Where stories live. Discover now