အပိုင်း 11 Uni

504 30 9
                                    


တောင်တန်းစိမ်းစိမ်းကြီးများက ရှောင်ကျန့် စိတ်ကို ပျော်ရွှင်စေသည်။လေပြေညင်းလေးများရဲ့သယ်ဆောင်လာသော ရနံ့သင်းသင်းလေးကို နှစ်သက်မိသည်။လက်ထဲတွင်ကိုင်ထားသော ခိုအဖြူရောင်ကို ပြုံးချိုနေသော မျက်နှာနှင့် ခိုလေးကို ငုံ့ကြည့်လိုက်ပြီး

"ခိုလေး‌ရေ...ဒီစာကို ၀မ်၀မ်လက်ထဲရောက်အောင်ထည့်ပေးရမယ်နော်..နောက်ပြီး..၀မ်၀မ်ဆီက ပြန်စာမရဘဲ..ဒီဘက်ပြန်မလာခဲ့နဲ့အုံး....၀မ်၀မ်က သတ်ပြစ်ရင်တော့..ငါမကယ်နိုင်ဘူးနော်..၀မ်၀မ်ကမင်းကို မသတ်၊ပြန်စာလည်းမထည့်ပေးဘဲနေရင်၊၀မ်၀မ်ကို မင်းပြောတတ်တဲ့ စကားနဲ့ နားညီအောင်လုပ်လိုက်...၀မ်၀မ်စီက ပြန်စာရမှဘဲ ငါမင်းကို လွတ်လပ်ခွင့်ပေးမယ်..သဘောတူတယ်ဟုတ်.."

ခိုလေးမှာ ‌ရှောင်ကျန့်စကားကို နားလည်သည့်အလား...

"ဂူး~~~~~ဂူး~~~~~ဂူး~~~~~"

ဟူရ၍ 3ခါ အော်လေသည်။ခိုလေးမှာ စိတ်ညစ်နေသော အမူအယာကို မပြနိုင်သော်လည်း အမှန်တကယ်စိတ်ညစ်နေလေသည်။
ရှောင်ကျန့်က အပြုံးချိုချိုလေးကို ပြုံးပြလိုက်ကာ ခိုဖြူလေးရဲ့ ခြေထောက်တစ်ဖတ်တွင် ချည်ထားသော စာလိပ်ကလေးကို တစ်ချက် ငုံ့နမ်းကာ ခို‌ဖြူလေးကို လွှတ်ပေးလိုက်လေသည်။
ခိုလေးက တောင်တန်းအသွယ်သွယ်၊မြို့အလီလီနှင့် ‌ရေချောင်းများကို မရပ်မနားဖြတ်ကျော်လာသည်။နေ့မ၀င်မှီ ‌၀မ်ရိပေါ် နေထိုင်သော နေရာသို့ ရောက်ရှိလို့လာခဲ့သည်။‌ခိုဖြူလေးမှာ တစ်လမ်းလုံးမနားဘဲ ပြန်သန်းလာရသဖြင့် အားတင်းကာ ၀မ်ရိပေါ် ထိုင်နေသော သစ်ပင်အောက်သို့ မဆင်းမှီ အားအင်ပျက်လပ်ကာ ၀မ်ရိပေါ်ထိုင်နေသော စားပွဲခုံပေါ်ရှိ ပန်ကန်းပြားအလွတ်ပေါ်သို့ ပြုတ်ကျသွားလေသည်။ခိုလေးက ပန်ကန်ပြားပေါ်တွင် လျှာလေးထွတ်လျက် အမောဖြေနေ၏။ပြုတ်ကျလာ‌တဲ့ အရှိန်ကြောင့် ခိုမွှေများက ဘေးတွင် ဟိုတစ်မွှေး ဒီတစ်မွှေးရှိနေလေသည်။

၀မ်ရိပေါ်က သူ့ရှေ့ရှိ လျှာထွတ်နေသော ခိုကို ကြည့်လိုက်ကာ မျက်မှောက်ကုတ်ထားသော အမူအယာဖြင့်

"ယွီဟန်..."

"ရှိပါတယ်...သခင်လေး.."

"ဒီခိုကို ကင်ပြီး..ခွေးကျွေးပြစ်လိုက်"

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now