လေပြင်းများက အလွန်တိုက်ခတ်နေသည်။နန်းတော်တစ်လုံးကို လှုပ်ရမ်းစေသည်။ဖယောင်းတိုင်များကလည်း လေပြင်းများကြောင့် အကုန် အမှောင်ကျရောက်သွားတော့သည်။ညကြီး ညီလာခံခေါ်ယူကာ နောက်နှစ် လယ်ယာထွတ်နှုန်းတိုးတတ်မှုများကို တွက်ချက်နေသည်ကို စောင့်ဆိုင်းနေရသည်။ရှောင်ကျန့်က ပုလ္လင်ပေါ်တွင် ဩဇာညောင်းလှစွာဖြင့် ခန္ဓာကိုယ်ကို မတ်လျက် စောင့်ဆိုင်းနေသည်။နာရီ၀တ်လောက် လေပြင်အတိုက်ခတ်နှုန်းရပ်တန့်သွားတော့မှ အစေခံလေးများက ဖယောင်းတိုင်မီးများကို စတင် ထွန်းညှိကြသည်။စောနက လေပြင်းက အလွန်ကြမ်းသဖြင့် ဖယောင်မီးပြန်ထွန်း၍ မရခဲ့ချေ။"မင်းကြီး...ဂုဏ်ယူပါတယ်..နောက်နှစ် သီးနှံထွတ်နှုန်းတိုးမှာပါ...မိုးဦးလည်းကောင်းသလို..မိုးနှောင်တဲ့အခါမှာလည်း..စပါးထွတ်နှုန်းတိုးနိုင်ပါတယ်.."
နက္ခအတွက်ချက်တော်သော တော်၀င် နတ်ဆရာမှ စတင်ပြောတော့ အောက်ရှိ ကျန်အမတ်များက လက်များမြှောက်ကာ ဂါ၀ရပြုရင်း ခေါင်းကို ကြမ်းပြင်ဖြင့် ထိလျက် ထိုင်ကာ ကန်တော့ရင်း
"မင်းကြီး...ဂုဏ်ယူပါတယ်.."
အကုန်လုံးသံတူပြိုင်ရွတ်လိုက်ကြသည်။ရှောင်ကျန့်က အနည်းငယ် စိတ်ပျော်ရွှင်နေရသည်။သူ တစ်ခြားတော့မဟုတ် မနက်ဖြန်အတွက် အစီစဉ်တစ်ချို့စတင်ရေးဆွဲနေခြင်းဖြစ်သည်။အခုတလော ၀မ်၀မ်ဖြင့် မတွေ့နိုင်ဘဲရှိသည်။ထို့ကြောင့် မနက်ဖြန် အမဲလိုက်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး ၀မ်၀မ်နဲ့ နီးစပ်အောင်နေရမယ်။
"အမတ်ကြီးတို့..ထနိုင်ပြီ..မနက်ဖြန် ..မိုးဦးရာသီးကောင်းတာမို့ ကိုယ်တော်..အမဲလိုက်ပြိုင်ပွဲ လုပ်ဖို့ အစီစဉ်ရှိတယ်..အမတ်ကြီးတို့ လာခဲ့ဖို့ အခုကတဲ့က ဖိတ်လိုက်တယ်.."
"ဟုတ်...မင်းကြီး.."
"ညီလာခံသိမ်းပြီ.."
ရှောင်ကျန့် ထလိုက်သည်နှင့် အကုန်လုံးက နဖူးနှင့် ကြမ်းပြင်ထိလျက် ပို့ဆောင်ကြသည်။အပြာနုရောင် အင်္ကျီအပြာလေးကို အစေခံတစ်ချို့က အမြန် လဲပေးကြသည်။ညတိုင်း ၀မ်ရိပေါ်ရဲ့ အဆောင်ရှေ့ကို သွားရောက်ပြီး အခန်းနံရံပေါ်တွင် အရိပ်ထင်နေသော ၀မ်၀မ်ရဲ့ အရိပ်ကလေးကို အဝေးကနေ လက်ဖြင့် တို့ထိကြည့်ရင်း ညတာကုန်ဆုံးရသည်က များသည်။
၀မ်ရိပေါ်ရဲ့ အရိပ်ကလေးက ရှောင်ကျန့်၏ လက်ချောင်းဖျားလေးဖြင့် တို့ထိကြည့်ရင်း ပြုံးမိသည်မှာအခါခါ။
YOU ARE READING
၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}
RomantizmRealy Name= ၀မ်ကိုချစ်ဖို့ မွေးဖွားလာပါသည်။ Nicke Name= အလှလေးတွေက ဉာဏ်များလွန်းတယ် စိတ်ကူးနဲ့ပုံဖော်ထားခဲ့မိတဲ့ ၀တ္ထုတစ်ပုဒ်အသက်၀င်လာပြီး ရှောင်ကျန့်ကို ထို၀တ္ထုထဲ ဆွဲသွင်းခံရသောအခါ။ရှောင်ကျန့်တစ်ယောက် သူ့ရဲ့ချစ်လှစွာသော ၀မ်အလှလေးကို မျက်မြင်တွေရမယ...