အပိုင်း 2 uni

1.4K 72 4
                                    


       လေတစ်ချက်ဝေ့အတိုက်  အပြင်ဘက်ရှိ မက်မွန်ပန်းများ၏ ရနံ့များဟု ကူးလူးပျံနှံ့နေလေသည်။ရှောင်ကျန့်ရဲ့မျက်ခွံများအနည်းငယ်ရွေ့လျားသွားသည်။ကုတင်ဘေးရှိ ထိုင်ခုံအပုလေးပေါ်တွင် ခြေချိတ်ထိုင်နေပြီး ရေနွေးကြမ်းအေးအေးလူလူသောက်နေသော အဖြူလွှလွှပုံရိပ်လေးရှိနေသည်။ထိုကောင်ငယ်လေးက ပိုးသားအဖြူဖြင့် ချုပ်လုပ်ထားသော အလတ်စားထည့်စရာအိတ်ကလေးကို လွယ်ထားရာ ကြည့်လိုက်ရုံဖြင့် ဘာမျှမထည့်ထားပါဘဲ အလှသက်သက် သာ လွယ်ထားတာကို‌ တွေ့နိုင်၏။
  အဖြူရောင်လွင်နေသော ဆံပင်ရှည်တို့ဟာ လွှင့်ဝဲနေကာ ကဘို့ကရို့ကျဆင်းနေ၏။ဘေးတစောင်းမြင်နေရသော မျက်နှာတစ်ခြမ်းကိုကြည့်ရုံဖြင့် ထိုလူငယ် မည်မျှထိ မာနကြီးကြောင့်တွေ့နိုင်သည်။

    "နိုးလာပြီလား"

  
   အသံဩရှရှလေးနှင့် အဖြူရောင်လူငယ်လေးတစ်ဦးကို ရှောင်ကျန့် နိုးနိုးခြင်းမြင်လိုက်ရသည်။ရှောင်ကျန့် မှတ်မိသည်က ၀မ်အလှလေးကို ထုတ်လုပ်နေတုန်း ကွန်ပြုတာ ချို့ယွင်းသွားတာကနေ

  "ဒါက ဆေးရုံလား..မင်းကဆရာ၀န်လား"

   "ကိုယ်တိုင်ရေး ၀တ္ထုကနေ ကြိုဆိုလိုက်ပါတယ်.."

"ခဏ..ခဏနေပါအုံး....ဒါဆိုဒီနေရာက ဘယ်နေရာလဲ"

  ရှောင်ကျန့်3ခါမြောက်အမေးစကားကြောင့် အဖြူရောင်လူငယ်လေးဟာ အနည်းငယ်မျက်မှောင်ကျုံ့သွားသည်။

  "ဇာတ်အိမ်မတည်ရသေးတဲ့  အချက်လက်တွေကနေ ဖြစ်တည်လာတဲ့နေရာဆိုပါတော့"

  ရှောင်ကျန့်က ခေါင်းငြိမ့်လိုက်ကာ ကုတင်ပေါ်ကနေထလိုက်ပြီး ထိုအဖြူရောင်ကောင်လေးနားရှိ ဘေးခုံတွင်ထိုင်လိုက်ကာ အကဲခတ်နေမိသည်။

"ဒါဆိုမင်းက...ပိုင်းယွဲ့ထင်တယ် "

   ရှောင်ပိုင်းယွဲ့က ရှောင်စစ်သူကြီး၏ လက်ထောက်ဖြစ်ကာ ရှောင်စစ်သူကြီးနှင့် တိုက်ပွဲအလီလီကိုကျော်ဖြတ်နိုင်ခဲ့ပြီး သွေးသောက်ညီအစ်ကိုဖြစ်သည်။ယခုက ရှောင်ကျန့် ကူးပြောင်းလာတာဆိုရင် ပိုင်ယွဲ့က ဘာဖြစ်မလဲ။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now