အပိုင်း 22 Uni

427 20 20
                                    

   ရိပေါ်နဲ့ ရှောင်ကျန့်တို့၏ မဂ်လာပွဲကို နောက်တစ်လခွဲနေရင် ကျင်းပမည်ဖြစ်သည်။ရှောင်ကျန့်ကဖြစ်နိုင်လျှင် နောက်2ရက်နေဆောင်ချင်တာဖြစ်သော်လည်း ရိပေါ်ရဲ့ သဘောထားကြောင့် ထိုအချိန်သို့ရွေ့ဆိုင်းခဲ့ရသည်။ကြာကာလ အချိန်များကို ကြင်ယာတော်ဘွဲ့ထူးအပ်နှင်းကာ နန်းတော်သို့ ရွေ့ပြောင်းနေထိုင်စေခဲ့သည်။

"မို့သခင်လေး.....လက်ကို တွဲခိုမလျှောက်ပါနဲ့..လေးတယ်.."

"ပိုင်လေး...."

"ဟုတ်..."

"ကိုယ်ဘာလို့..ပိုင်လေးနဲ့ လမ်းလျှောက်တိုင်း..ပိုင်လေးရဲ့လက်ကို ခိုပြီ..မျက်လုံးမှိတ်လမ်းလျောက်တာလဲသိချင်လား.."

"မသိချင်ပါဘူး..မို့သခင်လေး..အခုနေ..လက်ဖြုတ်လျှောက်ပေးရင်ကို ကျွန်တော်..အတွက် ဆုလာဘ်ပါဘဲ.."

မို့ရီရှူးက သူ့၏ခန္ဓာကိုယ် အလုံးစုံကို ပိုင်ယွဲ့အပေါ်မှီလျက် တွဲလဲခိုထားသည်။မျက်လုံးနှစ်ဖတ်ကို မှိတ်လျက် လမ်းလျှောက်နေသည်။တဆတ်ထဲ ခါးကို အနည်းငယ်ကုန်းထားရင်း  မျက်နှာကို ပိုင်ယွဲ့၏ ညာဘက်လက်မောင်းနားကပ်ထားသည်။
  လက်ကိုင်ခံရသောပိုင်ယွဲ့မှာ အနည်းငယ်လေးလံနေသည်။

"ပိုင်လေး~~~~~လို့...မျက်လုံးမှိတ်လမ်းလျှောက်ရတဲ့ အကြောင်းအရင်းမသိချင်ဘူးလား.."

ပိုင်ယွဲ့မှာ သိချင်တယ်ဟု မပြောမချင်း ဆတ်တိုက်မေးနေမှာကို သိတဲ့အတွက် သက်ပြင်းအရှည်ကြီးကို ချလိုက်ပြီ

"ကျွန်တော်..သိချင်ပါတယ်.."

"ဟီး~~~ဒီလိုမှပေါ့...မျက်လုံးမှိတ်လမ်းလျှောက်ရတဲ့ အကြောင်းအရင်းက..ဘာလို့လဲဆိုတော့...ကိုယ်..ပိုင်ယွဲ့ကို ယုံကြည့်လို့.."

"....?.." 'ဘာမှမဆိုင်ဘူးထင်တာဘဲ'?

"ကိုယ်ယုံကြည်တယ်..ပိုင်လေးက...ကိုယ့်ကို ဘယ်တော့မှာ ထိခိုက်အောင်မလုပ်ဘူးဆိုတာ...အဲ့ဒါကြောင့်..ကိုယ်မျက်စိ စုံမှိတ်ပြီး..ပိုင်လေးကို ယုံကြည်လို့..ဒီလိုလမ်းလျှောက်တာဘဲ.."

"ဒါ ..ကျွန်တော်လုပ်ရမဲ့တာ၀န်ပါ.."

"လာပြန်ပြီ..ဒီတာ၀န်..တာ၀န်..နဲ့..ပိုင်လေး တစ်ခုမေးမယ်.."

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now