အပိုင်း 18 Uni

436 28 18
                                    


၀မ်ရိပေါ် လမ်း‌မှာတွေ့သမျှအပင်တိုင်းကို မျက်လုံးအကြည့်တစ်ချက်ဖြင့် အကုန်လုံးကို အမြစ်ကနေ ဆွဲလှန်စေရင်း နေရာတစ်ခုကို
ရောက်ရှိလို့သွားခဲ့သည်။
ထိုနေရာလေးဟာဆိုရင် ‌၀မ်အိမ်တော်နှင့် အလွန်ဆုံး 3မိုင်လောက်သာ ကွာဝေးပြီး ရှုခင်းအနေအထားမှာ အေးချမ်းမှုကို ဖြည့်စွက်ပေးသည့် လေပြေညင်းလေးများကြောင့် စိတ်သက်သာရာ ရစေတာကြောင့် ထိုနေရာလေးကို ခဏတာ နေမိလိုက်သည်။
သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်မိကာ ရောက်တတ်ရာရာကိုသာ မျက်လုံးများဖြင့် ကြည့်ရှူးရင်း ကိုယ့်ကို ကိုယ် ပြန်သုံးသပ်မိသည်။
အခုတလော ရှောင်ကျန့်ကို သူအနည်းငယ်တော့ ဂရုစိုက်နေမိတာကို ကိုကိုယ် တိုင် သတိထားမိသည်။ထိုသို့ဖြစ်တိုင်းလည်း
ပြန်လည်း ဖုံးဖိထားကာ 'အစီစဉ်အပျက် မခံနိုင်လို့'ဟု၍ လိမ်ညာထားခဲ့သည်။ထိုကောင်လေး ရိပေါ်စီမလာတာ 7ရက်8ရက်မြောက်ကျ အနည်းငယ်တော့ လွမ်းမိသည်။မဟုတ်ဘူး ဒီတိုင်း စိတ်ထင်နေတာလို့သာ ဖြေသိမ့်ထားလိုက်ရသည်။

"အိမ်ရှေ့စံ...ကို ဂါ၀ရပြုပါတယ်..ကျွန်တော်အမည်က..လျှိုချင်းဖုန်းပါ...အရှင့်သား.."

တောင်တန်းတွေဘက်ကို မျက်နှာမူရင်း ကျောအနောက်ဘက်စီမှ အောဇာညောင်းလှသော အသံကိုကြားခိုက် နောက်မလှည့်ကြည့်ပါဘဲ သိနေမိသည်။၎င်းလူဟာ လျှိုတိုင်းပြည်က မင်းသား တစ်ပါးဖြစ်သည်။
လျှိုတိုင်းပြည်တွင် မင်းသားတစ်ပါး၊မင်းသမီးတစ်ပါး ရှိသည်။တိတ်တိတ်ပုန်း သား၊သမီးတွေကတော့ ရှိကောင်းရှိနိုင်တာပေါ့လေ။
လျှိုချင်းဖုန်းဟာ တိုင်းပြည်ရဲ့ ကိစ္စအ၀၀ကို ကိုင်တွယ်ဖြေရှင်းနိုင်သူဖြစ်တာကြောင့် လျှိုမင်းကြီးမှ တိုင်းပြည်ရဲ့ အိမ်ရှေ့စံနေရာကို
ပေးအပ်ထားခြင်းခံရသည်။ယခုတခေါက် သိုင်းပညာ ဖလှယ်ပွဲက လျှိုချင်းဖုန်းရဲ့ အကြံစည်းများသာဖြစ်သည်။
လျှိုချင်းဖုန်းဟာ အညိုရောင်ရှိသော အ၀တ်စားကို ၀တ်ဆင်ထားသည်။ခေါင်းတွင်လည်း ငှက်မွှေးများ၊ပုလဲလုံးလေးများနှင့် ကျစ်စမှီးလေးများကို ခေါင်းတွင် တွဲချည်ထားသည်။‌
မျက်နှာကျ ခပ်ရှည်ရှင်၊နှာတံမှာ ခပ်ကောက်ကောက်ဖြစ်ကာ နှုတ်ခမ်းထက်တွင် သယော်ဟန် အပြုံးတို့ကြောင့် တစ်မျိုးထူးစွာ ချောမောနေသည်။

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now