အပိုင်း 15 Uni

457 24 11
                                    

ရှောင်ကျန့်၏ စိတ်တို့ ၀မ်၀မ်စီမရောက်နိုင်ဘဲ အားရှူးရဲ့ မွေးစားသားဆိုသော ကောင်လေးကို သိပ် မယုံကြည်ပေ။အားရှူးဘက်ကနေ သူ့ကို မွေးစားသားတစ်ယောက်ရှိတယ်လို့ မပြောခဲ့ဖူး၍ဖြစ်သည်။မို့အိမ်တော်ကို အမြန်ဆုံးသွားလိုက်သည်။
မို့အိမ်တော်ကို ရောက်တော့ အစေခံတစ်ချို့‌ကို မေးမြန်းလိုက်ကာ အဆောင်ဘက်ကို ခြေဦးလှည့်ရတော့သည်။လမ်းတစ်လျှောက်တွင် တချွန်!!ချွန်!!မြည်နေသော ခေါင်းလောင်းသံများကို အဆတ်မပျက် ကြားနေရသည်။
ခဏအကြာ လမ်းလျှောက်ပြီးသည်နှင့် ရှောင်ကျန့်ရှေ့တွင် မိန်းမ‌ငယ်လေးများဝိုင်းအုံးနေသော အခန်းတံခါးရှေ့ကို ရှောင်ကျန့် ရောက်ရှိသည်နှင့် တပြိုင်နက် လမ်းဖယ်ပေးရင်း

"မင်းသား 2ကို ဂါ၀ရပြုပါတယ်"

"ထနိုင်ပြီ.."

"ဟုတ်.."

ရှောင်ကျန့်နှင့် ပိုင်ယွဲ့အမြန် အခန်းထဲ၀င်သွားတော့မြင်လိုက်ရသည်က။
ကုတင်ပေါ်တွင်လှဲနေသော ကောင်ငယ်လေးနှင့် ထိုကောင်ငယ်လေး၏ ရှေ့တွင် ညီတော် 3နဲ့ အားရှူးကို တွေ့လိုက်ရသည်။ထိုလူနှစ်ယောက်၏ မျက်လုံးများမှာ ပြိုင်ဘက်ကို စူးစမ်းနေသည့်အလား အကဲခတ်ကြလျက်ရှိလေသည်။

"မင်းသား3...အားချင်းက..အခုထိ ဒဏ်ရာမပျောက်သေးပါဘူး..အခုနေ..မင်းသားအိမ်တော်ကို ခေါ်သွားရင်..ဝေ့မို့ စိုးရိမ်မိတာက..အားချင်းရဲ့ အသက်ကိုပါ..‌အားချင်း
ငယ်ငယ်လေးထဲက ကျန်းမာရေးအလွန်ချူချာတဲ့ကလေးတစ်ယောက်ပါ...ရောဂါတစ်ခုဖြစ်ပြီဆိုရင်..တစ်ခြားသာမန်ကလေးတွေထက် ရောဂါပျောက်နှေးပါတယ်..မင်းသားကို ပြန်စဉ်းစားပေးစေချင်ပါတယ်.."

"ပြဿနာမရှိပါဘူး..ငါမင်းသားအိမ်တော်ကို ရောက်ရင်..သူ့ကို အလုပ်ကြမ်းမခိုင်းပါဘူး..
မို့သခင်လေးရဲ့သားကို ငါကတစ်ခုခုမလုပ်ရက်တာကို သိတယ်မဟုတ်လား.."

မို့ရီရှူးမှာ တံခါးပေါက်ရှိ ပိုင်ယွဲ့ကို မမြင်ဘဲရှိလေရာ နှုတ်ခမ်းထက် ခပ်ထေ့ထေ့အပြုံးဆင်းမြန်းရင်း ရှောင်ချီအနားသွားပြီ

"မင်းသားကို..ကျွန်တော်က ခွင့်မပြုဘူးဆိုရင်ကော..မင်းသားဘာလုပ်နိုင်မှာလဲ....နောက်ပြီတော့လည်း..အားချင်းကိုယ်တိုင်ကိုက မင်းသားနဲ့ လိုက်မယ်လို့ ဆုံးဖြတ်ထားခဲ့ရင်တောင် အားချင်းက ကျွန်တော် စကားတစ်ခွန်းဆို တစ်ခြားအရေးကြီး ပုဂ္ဂိုလ်တစ်ဦးဉီးကနေ လာဖြတ်ရင်တောင် ကျွန်တော့်စကားကိုဘဲ အလေးပေးမဲ့လူမျိုးဗျ"

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now