"လျန်ချင်း......မင်းဒဏ်ရာမရဘူးမလား..."မို့လျန်ချင်းက ရှေ့တွင်ရပ်နေသော ရှောင်ချီကို အပြုံးဖျော့ဖျော့ပြုံးရင်း
"မင်းသား...စိတ်ပူစရာမလိုပါဘူး...မွေးစားအဖေက...ဒဏ်ရာဆေးထည့်ပေးလိုက်ပါတယ်.."
မို့လျန်ချင်းရဲ့ အစိမ်းရင့်ရောင်အင်္ကျီလေးက နောက်ကျောပြင်တွင် အရောင်ပြောင်းလဲနေသည်။သွေးများက တိတ်သွားသည့်တိုင်အောင် သွေးစွန်းကွက်များက ရှိနေဆဲ။
ရှောင်ချီရဲ့ မျက်၀န်းများက စိုးရိမ်စိတ်များလွန်ကဲလာကာ မို့လျန်ချင်းရဲ့ အင်္ကျီကို စုပ်ကိုင်လိုက်ပြီး စစ်ဆေးကြည့်တော့ ဒဏ်ရာကို ဆေးမစီးထားဘဲ သွေးတိတ်နေရုံသာ။လျန်ချင်းဘာလို့ လိမ်ရတာလဲ။"မင်းသား...."
"စကားမပြောနဲ့....ငါ့နောက်လိုက်ခဲ့.."
ရှောင်ချီရဲ့လေသံက အနည်းငယ် မာကျောလာရသည်။လက်ကို အမြန်ဆွဲလာပြီ အိမ်တော်အတွင် ဆွဲခေါ်လာခဲ့သည်။ဓါးဒဏ်ရာအဆင်းလိုက်ကြီးကို သန့်စင်ပေးလိုက်ပြီး ဆေးအနည်းငယ်ထည့်ပေးရင်း
"ဘာမှပြောစရာမရှိဘူးလား.."
ဒဏ်ရာကို ဆေးစီးပေးနေရင်း မေးလာတာမို့
မို့လျန်ချင်းဘာပြောရမည်မှန်းမသိတော့ချေ။မင်းသား3ကို လိမ်ခဲ့တာကို မိသွားမယ်လို့ မို့လျန်ချင်းမထင်ထားမိချေ။ဒါကြောင့်လည်း ဘာစကားမှမပြောရန်သာ ရွေးချယ်လိုက်သည်။"...... ..."
"လျန်ချင်းက...ငါမင်းသားထက်..မို့ရီရှူးကို..ပိုဂရုစိုက်နေသလိုဘဲ..."
"မင်းသား...ကျွန်တော်..အရင်ကတဲ့ကပြောပြီးသားပါ..မွေးစားအဖေက..ကျွန်တော်ဘ၀ရဲ့ အရေးပါဆုံးလူ.."
"ဒါဆို...ကိုယ်ကျတော့ရော...လျန်ချင်း
ရင်ထဲ..နေရာလေးတစ်ခုတောင်မရှိဘူးလား..""ဒါက....ကျွန်တော်.."
"ကိုယ်မလောပါဘူး....လျန်ချင်းရဲ့ နောက်ဆုံးရွေးချယ်မဲ့လူက..ရှောင်ချီဆိုတဲ့ ကိုယ်ဘဲဖြစ်နေဖို့ မျှော်လင့်ပါတယ်....ကိစ္စတစ်ခုကို အချိန်ယူရတာကလည်း သဘာ၀ကျပါတယ်..ကိုယ်စောင့်နိုင်တယ်...နောင်တစ်ချိန်ကြရင်တော့...
လျန်ချင်းရဲ့ စိတ်အလုံးစုံက ကိုယ့်ကိုဘဲ ဦးစားပေးမဲ့ အချိန်ကိုပေါ့.."
YOU ARE READING
၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}
Lãng mạnRealy Name= ၀မ်ကိုချစ်ဖို့ မွေးဖွားလာပါသည်။ Nicke Name= အလှလေးတွေက ဉာဏ်များလွန်းတယ် စိတ်ကူးနဲ့ပုံဖော်ထားခဲ့မိတဲ့ ၀တ္ထုတစ်ပုဒ်အသက်၀င်လာပြီး ရှောင်ကျန့်ကို ထို၀တ္ထုထဲ ဆွဲသွင်းခံရသောအခါ။ရှောင်ကျန့်တစ်ယောက် သူ့ရဲ့ချစ်လှစွာသော ၀မ်အလှလေးကို မျက်မြင်တွေရမယ...