အပိုင်း 12 Uni

472 24 11
                                    


   ရှောင်ကျန့် ဦးဆောင်သော ဓါးပြရှင်းလင်းရေး တပ်ကြီးဟာ တောတွင်းပုံ ဓါးပြအမြောက်အများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။သို့သည့်တိုင် အမိန့်၊အာဏာကို ချုပ်ကိုင်ထားသော ခေါင်းဆောင်မှာမူအခုထိ မဖမ်းမိဘဲရှိလေရာ ထိုခေါင်းဆောင် ဖမ်းမိမှဘဲ ဓါးပြရန်မှာ အပြီးသတ်မည်ဖြစ်သည်။ဘာလိုလိုနှင့် 5ရက်တာ ကုန်လွန်လို့လာခဲ့ရသည်။
အခုထိ ၀မ်၀မ်ဆီက ပြန်စာမရသေးချေ။ရှောင်ကျန့် အဝေးတစ်နေရာမှ ပြန်လာသော ခိုဖြူရောင်လေးများကို တွေ့လျှင် ၀မ်၀မ်လွှတ်လိုက်တဲ့ ခိုများလားဟု တွေးကာ မြားနှင့် လှမ်းပြစ်မိတာ ခဏခဏဖြစ်သည်။ကံမကောင်းရှာသော ခိုလေးများဟာ
ရှောင်ကျန့်၏ ၀မ်းဗိုက်အတွင်းသို့ သက်ဆင်းသွားရသည်။

"ဂူး~~~~~~~~~~~~~~~~~~~~~~~~~~~"

    ထို အချိန် အရှေ့ဘက်မှ အသံဆာ ဆာဖြင့် ပျံသန်းလာသော ခေါင်းမွှေးပြောင်နေသော ခိုညစ်ပတ်အိုးလေးဟာ ရှောင်ကျန့် ရဲ့ လက်မောင်းပေါ်သို့ ဆင်းလိုက်ပြီး ခြေထောက်တစ်‌ဖတ်တွင် ချည်ထားသော စာလိပ်ကလေးကို နှုတ်သီးလေးဖြင့် ထိုးပြကာ ဘုတ် ကနဲ့ ပြုတ်ကျသွားလေတော့သည်။

ရှောင်ကျန့်က ခိုလေးကို မင်းတော်တယ် ဟူသော အကြည့်မျိုးဖြင့် လည်ပင်းကနေ ကောက်ယူကာ စခန်းအတွင်းသို့ ခေါ်လာခဲ့လိုက်သည်။ထို့နောက် ခိုလေးကို အသိုက်ထဲ ဖြစ်သလို ပြစ်ထည့်ထားလိုက်ပြီး နေရာတစ်ခု ရှာကာ စာကို ဖတ်ဖို့ရန်ပြင်လိုက်လေသည်။
  အခန်းအတွင်းမှ ဘာပစ္စည်းမှ မယ် မယ် ရရ မရှိသည့်တိုင် သန့်ရှင်းနေသည်။ချပ်၀တ် တန်ဆာ တစ်ခုနှင့် စာရေးစာပွဲခုံတစ်လုံး၊ကုတင်တစ်လုံးနှင့် ဓါးတင်ထားသော စင်တို့တင် ရှိလေသည်။
  

"ပြန်စာ.........."

"........?"

   ပြန်စာမှာ ရေးထားတာက ပြန်စာတဲ့လား။ရှောင်ကျန့် ????တွေနှင့်သာ ခေါင်းထဲပြည့်နှက်သွားရသည်။၀မ်၀မ်က ပြန်စာပို့လိုက်တာက 'ပြန်..ရယ်...စာ.ရယ် 'နှစ်လုံးလေးတင်။

"ဟွင်း.....ဟီး..ဟီး.~^_^~ ချစ်ဖို့ကောင်းလိုက်တာ စာကလည်း လူအတိုင်းဘဲ..ချစ်ဖို့ကောင်းနေတာဘဲ..အဟိ~~~"

၀မ်ကို ချစ်ဖို့မွေးဖွားလာပါသည်။{Complete✓}Where stories live. Discover now