အပိုင်း - ၁

5.7K 97 7
                                    

“ နောင် ”
   အပိုင်း - ၁

Unicode

နေကျစ်ကျစ်တောင့်ပူနေသော အပူရှိုန်အောက်မှာ လုံမေများတစ်သိုက် သီချင်းတစ်အေးအေးဖြင့် အလုပ်လုပ်နေကြကာ ဧကနေ့ရောက်လာမည့် မြို့အုပ်မင်း အသစ်လေးအကြောင်းကိုလည်း သတွတ်တွတ်ပြောနေကြသည် ။

    "  ဦး‌လေးမျိုးတင့်ရေ ဒီနေ့ရောက်လာမဲ့    မြို့အုပ်မင်း အကြောင်းဘာတွေကြားသေးလည်း။  "

"  အေး။ ကြားတော့ကြားထားတယ်ကွဲ့  မြို့အုပ်မင်းလေးက ခပ်ငယ်ငယ်တော့။ နှမလေးတစ်ယောက် ပါတယ်ဆိုဘဲ။ "

ဦးလေးမျိုးတင့် အပြောကြောင့် လုံပျိုမေတစ်သိုက် သွားလေးဖြီးကာ တစ်ယောက်‌နားတစ်ယောက်ကပ်၍ စကားစမည်ပြောနေကြသည်။

အရင်မြို့အုပ်ဟောင်းမှာ ပြုတ်သွားတာ နှစ်အတော်ကြာလင့်ပြီ။ ကိုးနှောင်းပင်ရွာလေးသည် အလွန်အေးချမ်းသလောက် မသမလူများလည်းရှ်ိသလို မနာလိုသူများလည်းရှိနေသေးသည်။ ထိုအရာကို ရင်ဆိုင်ရဲသောသူက...

ရွာအတွင်းနေထိုင်ကြသော ရွာသားများသည် ညနေခင်းပိုင်းတွင် ကိစ္စအဓူဝကိုပြီးမြောက်အောင်လုပ်ကြပြီး။ ညပိုင်း‌တွင်မှု စောစောအိပ်ယာဝင်ကြသည်မှာ ရွာသူရွာသားများ၏ ထုံးစံပင်။

×××

" ဗျို့ မောင် ‌ဓနမောင် "

" ဟုတ်ကဲ့ သူကြီး "

သစ်ပင်အရိပ်အောက်တွင် ပုဆိန်တစ်လတ်ကိုကိုင်၍ သစ်များခွဲခြမ်းထားကာ ဘေး၌လည်း သစ်ခြမ်းများပုံလို့နေပြီ။ ထိုလူ၏ အရွယ်သည် တောင့်တောင့်တင်တင်း ၊ အသားညိုညိုနှင့် ခန္ဓာကိုယ်၌လည်း ကြွက်သားအဖု့အထစ်များ ပြည့်နှံ့လို့နေသည်။ ပုဆိုးကို ခါးထောင်းကျိုက်ထားကာ သန်မာသောခြေတံများကို အထင်းသားပေါ်လွင်နေကာ ‌‌ခန့်ညားသောယောက်ျားပျိုသွင်တစ်ယောက်ဟု့ တင်စားခေါ်ဝေါ်လို့ရသည်။

" ဒီနေ့ မြို့အုပ်မင်းအသစ်လေးလာမှာကွ ဖိုးထောင်တို့ မျိုးတင့်တို့ကလည်း အရည်သောက်ပြီး မူး‌ရစ်နေကြပြီ ။ အဲ့ဒါ မောင် ဓနမောင်ကို နွားလှည်းနဲ့သွားကြို‌ဖို့ လာပြောတာ "

" နောင် " [ Complete]Where stories live. Discover now