အပိုင်း - ၁၂

547 15 0
                                    

Unicode

       “ နောင် ”
         “ အပိုင်း-၁၂ ”

ဆွမ်းချိုင့်လေးဆွဲကာ ဘုန်းကြီးကျောင်းမှ ရွာလမ်းအတိုင်း ကိုထက်နောင် လျှောက်လှန်းလာခဲ့ တော့သည်။ သာယာလှပသော သဘာဝရှု့ခင်းများကြောင့် သူအတွက် စိတ်ကိုကြည်လင်မှု့ အပြည့်အဝ ရှိစေသည်။

မြေနီလမ်းငယ်လေးသည် ညနက်ပိုင်းက မိုးစက်ငယ်များ တစ်ဖွားဖွား ရွာသွန်းထားသောကြောင့် အနည်းငယ် စိုအီနေသည်။ သစ်ပင်ဂိုင်းများ၏ အရွက်များတွင် တွယ်ငြိနေသော ရေစက်များသည် လေတစ်ယောက် ဝှေ့တိုက်လိုက်သည်နှင့် ပြုတ်ကျလာတော့သည်။

အနည်းငယ် အေးစက်သည့် လေထု့ကြောင့် မောင်ပေးထားသည့် လည်စည်းပုဝါလေးကို သူပတ်ခဲ့ပါသေးသည်။ သိပ်ကိုသိတတ် လွန်းလှသည့် မောင်ကြီးကို သူပိုပြီး စွဲလွမ်းလာနေပြီ။

သူအတွက် အရာရာတိုင်း ကျောခိုင်းပြီး မားမား မက်မက် ရပ်တည်ပေးသည့် မောင်ကြီးသည် သူ၏ အကာအကွယ် ဒိုင်းကာတစ်ခု့လိုပင်။

အမြဲလိုလို အကျ••ချွတ်နှင့် နေနေတတ်သည့် ထိုမောင်ကြီးကို သူအမြဲ အကျ••ဝတ်ပြောရသည်မှာလည်း မလွယ်လှ။ တကယ်ကို ဆိုးလွန်းလှပါသည်။

မိနစ်တွေ အချိန်တွေ ရက်တွေ နှစ်တွေ ကုန်ဆုံးသွားပင်မဲ့လည်း သူနှင့် မောင်ကြီး၏ အချစ်ရေးမှာ တစ်စက်လေးမှ လျော့သည်မရှိ။ စက္ကန့်တိုင်းလိုလို ပိုလို့ပင် တိုးလာသေးသည်။

သူနှင်းဆီပန်းတွေ သိပ်ကြိုက်ကြောင်း ပြောတုန်းက မောင်ကသိပ်ကို အမှေးပါးလွန်းသည်။ နောက်နေ့လည်းကျရော အလတ်စားခြံဝန်းငယ်ထဲတွင် နှင်းဆီပင်များ စိုက်ထားပေးသည်။

သူပြောခဲ့သည့် စကားတစ်ခွန်းကိုတော့ သူသိပ်ကို မှတ်မိပါသေးသည်။ ‘ ဒီနှင်း‌ဆီပန်းတွေ ပွင့်ပြီး ကြွေကျသွားတဲ့အထိ မောင်တို့မခွဲကြေးနော် ’ ဆိုတဲ့စကားပေါ့။

မောင်နဲ့ ပတ်သက်သည့် အရာမှန်းသမျှ သူတသွေမသိမ်း မှတ်ထားပါ‌သည်။
‌သူ မောင်ကို သိပ်ယုံကြည်ပါသည်။

အခု့ဆိုလျှင် စိုက်ထားသည့် နှင်းဆီပန်းများမှာ အဖူးမှ အပွင့်အဖြစ် ပြောင်းလဲလာခဲ့ပြီလေ။ နှင်းဆီနီများ ပွင့်လန်းနေကာ အနံသင်းသင်းလေးများလည်း ဖြတ်သွားသူအဖို့ လိုချင်စရာအတိပင်။

" နောင် " [ Complete]Where stories live. Discover now