“ နောင် ”
အပိုင်း - ၇Unicode
ခြံရှေ့ကွတ်ပြစ်လေးတွင် ကိုထက်နောင်တစ်ယောက် ထိုင်နေကာ စာရွာစာတန်းများကိုလည်း ကြည့်လို့နေသည်။ လေတဖြူးဖြူးတိုက်ခက်နေတာကြောင့် ကိုထက်နောင်၏ ဆံနွယ်များ လွှင့်ကာအပေါ်သို့ ထိုးထိုး,ထောင်ထောင် ဖြစ်နေသည် ။
ဘေး၌စားပွဲပု့ကလေး တစ်လုံးချထားကာ ထိုစားပွဲပေါ်၌လည်း ကော်ဖီခွက်လေးတစ်ခွက် တင်ထားသေးသည်။ ဗန်ဒါပင်ကြီးတစ်ပင်ရှိတာကြောင့် ခြံဝန်းတစ်ခု့လုံး နီးပါးလိုလိုအရိပ်အာဝါသ ကောင်းစွာရရှ်ိနေသည်။
နေ့ဘက်များတွင်မှု ငှက်ကလေးများ လာရောက်နာခိုကာ ညဘက်များတွင် ဇီးကွက်များ သစ်ပင်အလုံးအတွင်း၌ရှိ့သည့် ပိုးကောင်ငယ်လေးများကို လာရောက်ကျက်စားကြသည်။
ခြံအတွင်း၌လည်း ဗန်ဒါပင်အရွက်ငယ်လေးများစွာ ဟိုနားကျဒီနားကျနှင့် သဇင်ခိုင်ခင်မျာ နေ့တိုင်းလှဲကျင်းနေတာတောင် မပြောင်ဆင်နိုင်ပေ။
ခပ်လှန်းလှန်းတွင်ရှိသည့် ရွာသူရွာသားများ၏ လမ်းလျှောက်သံ၊ နွားများကိုထိန်းကျောင်းသံတို့လည်း တသဲ့သဲ့ကြားရသေးသည်။
သဇင်ခိုင်အာရုံစွမ်းသွားကပ်ကာ အိမ်မှာကိုထက်နောင်တစ်ယောက်ထဲ အေးအေးလူလူပင်။ အနေအေးပြီး စကားသိပ်မပြောတတ်သည့် ကိုထက်နောင်ကြောင့် ရွာသူရွာသားများ စကားပြောဖို့ကို အနည်းငယ်ရှိုန်ကြသည်။
“ ကိုကိုကြီး ”
ဆွမ်းချိုင့်လေးကိုင်ကာ ဝါးခြမ်းစိတ်လေးများဖြင့် ပြု့လုပ်ထားသည့် ခြံတံခါးလေးကို တွန်းမကာပြောလာသည်။
“ ... ”
“ ကိုကြီးဓနမောင်က သဇင့်ကိုမှာလိုက်တယ်ရယ်။ သူ့အိမ်ကိုခဏလာခဲ့ပါဦးတဲ့ ”
ကိုဓနမောင်ဆိုသည့် နာမည်ကိုကြားသည်နှင့် စာရွက်အုပ်ကာ ကာ ကိုင်ထားသည့်လက်ကို အောက်ချလို့ ခေါင်းတထောင်ထောင်ဖြင့်။
အေးဖို့အနည်းငယ်လိုတော့သည့် ကော်ဖီခွက်လေးကို အမြန်မော့သောက်လိုက်သည်။ အနည်းငယ်ပုံပြတ်နေသည့် သူ၏ပုဆိုးကိုပြင်ဝတ်လိုက်ကာ ထထွက်လာတော့သည်။
YOU ARE READING
" နောင် " [ Complete]
Acciónဓနမောင် ♡ ထက်နောင် " မောင့်အသဲပန်းလေးက သိပ်လှတာဘဲဗျာ။ကျုပ်ဖြင့် လူဖြစ်ရကျိုးနပ်ခဲ့ပြီ " " ... "